မြိတ် ပြည်ခိုင်ဖြိုးပါတီက အဘိုးအဘွားရိပ်သာနှင့် ရုံးပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်/မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စီစဉ်​မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇန်​န၀ါရီလ (၈)ရက်နေ့နံနက်ပိုင်းတွင် မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ဖိုးဖွားရိပ်သာခြံဝင်းပတ်လည်သန့်ရှင်း သာယာလှပရေး လုပ်အားဒါနပြုဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ရာတွင်
မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဆွေနှင့်အတူ ခရိုင် ကော်မတီဝင် ဦးအေးအောင်၊ဦးသန်းဝေ၊ မြိတ်မြို့နယ် ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြို့နယ်ကော် မတီဝင်များ ၊ရပ်ကွက်/ကျေးရွာပါတီဝင်များနှင့် စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား၁၀၀ဦးခန့်တို့မှ စုပေါင်းပါဝင်သန့်ရှင်း ရေး ပြုလုပ်​ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ဆက်လက်၍ သန့်ရှင်းရေးဆောင် ရွက်ခဲ့သည့် ပါတီဝင်များအဖွဲ့သည် ရှမ်းချောင်းရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးပါတီ ခရိုင်၊မြို့နယ် ပါတီရုံးတည်ရှိရာ လမ်းဘေးဝဲယာနှင့်ရုံးပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပရေးစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကာ မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နှင့် အဖွဲ့ဝင် များက နေ့လည်စာတည်ခင်းကျွေးမွေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

Kyaw linn