ဘုတလင်မြို့နယ် ဝက်ပုတ်ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ဝက်ပုတ်ကျေးရွာအုပ်စု ဝက်ပုတ်ကျေးရွာ ဦးဇော်၏ နေအိမ်ခြံဝင်း အတွင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်း အနား ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်ပါတီ ကော်မတီဝင် ဘုတလင်မြို့နယ်တာဝန်ခံ ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးသက်နိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင် အင်အား ၂၅ဦး စုစုပေါင်းအင်အား ၃၅ ဦးခန့်တက်ရောက် ခဲ့ကြောင်း သိရသည်။

ရွှေကျီစု(ဘုတလင်)