သာသနာတော် သန့်ရှင်းတည်တံ့ရန် သံဃာတော်များဆောင်ရွက်ရုံဖြင့် ပြီးပြည့်စုံမည်မဟုတ်ဟု မဟနဥက္ကဋ္ဌ ဆရာတော် မိန့်ကြား

စုံမှု ရှိနိုင်မည်မဟုတ်ကြောင်းနိုင်ငံတော် သံဃမဟာနာယက (မဟန) ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက) က မိန့်ကြားသည်။

13614940_1185401494813441_6915473644786052635_n

ဇူလိုင် ၁၃ ရက်က ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ၀ိဇယမင်္ဂလာဓမ္မသဘင်တွင် ကျင်းပသော မဟန၏ ဧကဒဿမ အစည်းအဝေး၌ ဆရာတော်က အထက်ပါတိုင်း မိန့်ကြားခဲ့ခြင်းဖြစ်သည်။

‘သာသနာတော်သည် မင်းကိုမှီ၍ တည်ရ၏’ ဟု ရှေးရှေးသော မဟာထေရ်မြတ်ကြီးများ၏ အဆိုအမိန့်ရှိသည့် အတိုင်း နိုင်ငံတော်အစိုးရမင်းတို့၏ အမှီရရှိမှ ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ က မိန့်ကြားသည်။

ဘုရား၊ သာသနာရေးရာ၊ ၀ိနိစ္ဆယရေးရာ၊ ပညာရေးရာများ ဆောင်ရွက်ရာတွင် လက်ရှိ ဒီမို ကရေစီစနစ်နှင့်လည်း ကိုက်ညီ၍ ဗုဒ္ဓဘုရားရှင်၏ ဓမ္မ၀ိနယနှင့် လည်း လုံးဝသွေဖည်မှုမရှိရလေ အောင် ဆောင်ရွက်ရသကဲ့သို့ အ ရပ်ဘက်ဥပဒေများနှင့်လည်းချိန် ထိုး၍ ဆောင်ရွက်ရန်လိုကြောင်း ဆရာတော်က ဆက်လက်မိန့် ကြားသည်။

သို့မှသာ မိမိတို့ယုံကြည်အားထားကိုးကွယ်နေကြသည့် ဒါယကာများက မဟာနာယကအဖွဲ့ကြီးကို ရိုသေလေးစား မည်ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ထို့အပြင် ဒီမိုကရေစီသဘောအရ လွတ်လပ်စွာ ပြောဆိုရေးသား ဖော်ပြခွင့်ရှိသည့်ကာလတွင် သတင်းမီဒီယာများ အနေဖြင့် မဟာနာယကအဖွဲ့အပေါ် မလျော်ပြော ဆိုရေးသားမိပါကလည်း အကုသိုလ်တရား ပွားများနိုင်ကြောင်း နှင့် အမှုအခင်းများ ဆုံးဖြတ်ရာ၌ အဆောတလျင် မဆုံးဖြတ်သင့်ဘဲ သက်သေသက္ကာယ အထောက်အထား ခိုင်မာစွာရရှိမှ ဓမ္မ၀ိနယများ၊ လုပ်ထုံးလုပ်နည်း ဒေသပတ်ဝန်းကျင်အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေ ရန် တွက်ချက်စဉ်းစားပြီး ရှုထောင့်စုံမှ ဝေဖန်သုံးသပ် ဆုံးဖြတ်ရန်လိုအပ်ကြောင်း မဟနဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။

လေးလတစ်ကြိမ် ကျင်းပသော မဟန၏ (၄၇) ပါးစုံညီ အစည်းအဝေးကို ယခုလ (၁၃) ရက် နှင့် (၁၄) ရက်တို့တွင် ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်သံဃမဟာနာယက (မဟန) ၄၇ ပါးစုံညီအစည်းအဝေး ပထမနေ့၌ ကျောင်းထိုင်တင်မြှောက်ခြင်း၊ ဂေါပကအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းခြင်း၊ ဓမ္မာရုံကိစ္စများနှင့် အခြားသာသနာတော် ကိစ္စရပ်များကို အထူးအလေးပေး ဆွေးနွေးနေကြောင်း သတင်းရရှိသည်။ 7 Day DAily


Leave a Reply