အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် မြို့နယ်ပါကော်မတီ အသစ်များရွေးချယ်ပွဲကို အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ဇူလိုင်လ (၃) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ နာယက(ဗဟိုကော်မတီဝင်) ဦးခင်မောင်စိုး တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတွင် မြို့နယ်အစီရင်ခံစာကို ဦးယဉ်ဘိုအောင် က ဖတ်ကြားခြင်း၊ စာတမ်းဖတ်ကြားခြင်း၊ မြို့နယ်မှကိုယ်စားလှယ်များက မြို့နယ်ကော်မတီဝင် ၁၁ ဦးနှင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးတို့ကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)


Leave a Reply