လုပ်ပွဲကစားသည်ဟု ဧရာဝတီအသင်းတိုင်ကြားခံရ
ဧရာဝတီယူနိုက်တက်ဘောလုံးအသင်းဟာ လုပ်ပွဲကစားတယ်လို့ အသင်းနဲ့နီးစပ်သူတစ်ဦးက အသိပေးတိုင်ကြား ထားကြောင်း သိရပါတယ်။
ဧရာဝတီကစားသမားအချို့ဟာ အသင်းတာဝန်ရှိသူတစ်ဦးရဲ့ စီစဉ်မှုနဲ့ မြန်မာနေရှင်နယ်လိဂ် ပွဲအချို့၊၂၀၁၆ အေအက်ဖ်စီ အုပ်စုဖလားပွဲစဉ်အချို့မှာ လုပ်ပွဲ ကစားခဲ့တယ်လို့ တိုင်ကြားခံထားရတာ ဖြစ်ကြောင်း ပြည်တွင်း သတင်းစာကြီး တစ်စောင်က ဖော်ပြထားပါတယ်။
လုပ်ပွဲကစားတယ်လို့ တိုင်ကြားထားတာ မှန်ကန်ကြောင်းနဲ့ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲမှုကော်မတီထံ အကြောင်းကြားကာ စုံစမ်းစစ်ဆေးမှုတွေပူးပေါင်း ပြုလုပ်ပေးဖို့ တင်ပြထားတယ်လို့ ဧရာဝတီအသင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားထားကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးလို့ ကစားခဲ့တယ်ဆိုရင် အရေးယူသွားမှာ ဖြစ်ပြီး လုပ်ပွဲကစားတယ်ဆိုတာ အတိအကျတော့ ပြောလို့ မရဘူးလို့လည်း ဆိုပါတယ်။
Photos & Source: 7Day Daily