ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ဖွဲ့စည်းရေးကို ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံး၌ ယနေ့ (ဇွန်လ ၉ ရက်) နံနက် (၁၀) နာရီတွင် စတင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် တောင်ငူခရိုင်ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များမှ ဦးဆောင်ကာ ကျင်းပပေးခဲ့သည်။

အစည်းအဝေး ဒုတိယပိုင်းတွင် ရွေးချယ်ပွဲကို ဆက်က်လက်ကျင်းပရာ မြို့နယ် ပါတီကော်မတီဝင် အဟောင်းများ နှုတ်ထွက်ခြင်း၊ မြို့နယ်ပါတီကော်မတီ ပြန်လည်ပြင်ဆင်ရွေးချယ်ရေး ကော်မတီ လုပ်ထုံးလုပ်နည်းများ ဖတ်ကြား ခြင်း၊ မြို့နယ်ကော်မတီ လျာထားသော (၃၀) ဦး အမည်စာရင်းကို ဖတ်ကြားခြင်း၊ စနှစ်တကျ လျှို့ဝှက်မဲပေးခြင်းများအား ခရိုင်ရွေးချယ်ရေး ကော်မရှင်က စနှစ်တကျ ဆောင်ရွက်ပေးခဲ့ပါသည်။

ဦးသက်ဦး ခရိုင်ကော်မတီ ထံက copy ကူးယူ ဖေါ်ပြပါသည်။
Photo များ credit ပေးပါသည် ။


Leave a Reply