ကျောက်မဲ ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ဖွင့်လှစ်သည့် နွေရာသီ အခမဲ့ သင်တန်းဆင်းပွဲ ကျင်းပ

13240138_388640261311107_7799717034209664602_n

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ဖွင့်လှစ်သည့် နွေရာသီ သုံးလအတွင်း (၄) တန်း (၈) တန်း အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘာသာရပ်များ အခမဲ့သင်တန်းဆင်းပွဲ အခမ်းအနားကို ရုံးခန်းမရှိ သင်တန်းခန်းမတွင် မေလ (၂၆) ရက်နေ့ နံနက် (၁၁) နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ရာ ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ မြို့နယ် ပါတီ ကော်မတီဝင်များ ကျောင်းသား ၊ကျောင်းသူမိဘများ တက်ရောက်ကြသည်။

သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူများ (၅၆) ဦးမှ အောင်မြင်စွာ တက်ရောက် ခဲ့ပြီး သင်တန်းဆင်းပွဲတွင် ခရိုင်ပါတီမှ ကျောင်းသား ကျောင်းသူ တစ်ဦးစီအား ဗလာစာအုပ်နှင့် စာရေး ကိရိယာများ ထောက်ပံ့ပေးပြီးသင်တန်းနည်းပြ အဖြစ် ဆရာ ညီညီ မှ ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

USDP Shan – North


Leave a Reply