ဆန္ခ်ိဳကို ေပါင္သန္း(၄၀)ျဖင့္ ေရာင္းထုတ္ရန္ မန္ယူအသင္း စီစဥ္ေန

မန္ယူအသင္းသည္ ၿပီးခဲ့သည့္ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလ၌ ေဒါ့မြန္အသင္းထံ အငွားခ်ခဲ့သည့္ အဂၤလန္ေတာင္ပံကစားသမား ဆန္ခ်ိဳကို ယခုေႏြရာသီတြင္ ေပါင္သန္း(၄၀)ျဖင့္ ေရာင္းထုတ္ရန္ စီစဥ္ေနေၾကာင္း သိရသည္။

ဆန္ခ်ိဳ(၂၄ ႏွစ္)သည္ နည္းၿပ တန္ဟက္ဂ္ႏွင့္ အဆင္မေျပျဖစ္ခဲ့သျဖင့္ အသင္းေဟာင္း ေဒ့ါမြန္ထံ အငွားသြားေရာက္ကစားခဲ့ျခင္းျဖစ္ၿပီး တန္ဟက္ဂ္ ဆက္ရွိေနပါက မန္ယူအသင္းထံ ျပန္မလာလိုေတာ့ေၾကာင္း သတင္းထြက္ခဲ့သည္။

သို႔ေသာ္ ယခုအခါ မန္ယူအသင္းတာဝန္ရွိသူမ်ားက မည္သည့္နည္းၿပ တာဝန္ယူသည္ျဖစ္ေစ ၎ကို ေရာင္းထုတ္ပစ္ရန္ စီစဥ္ေနျခင္းျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း(၄၀)ဟု သတ္မွတ္ထားေၾကာင္း BBC က ေဖာ္ျပခဲ့သည္။

=========

ဆန်ချိုကို ပေါင်သန်း(၄၀)ဖြင့် ရောင်းထုတ်ရန် မန်ယူအသင်း စီစဉ်နေ

မန်ယူအသင်းသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ ဒေါ့မွန်အသင်းထံ အငှားချခဲ့သည့် အင်္ဂလန်တောင်ပံကစားသမား ဆန်ချိုကို ယခုနွေရာသီတွင် ပေါင်သန်း(၄၀)ဖြင့် ရောင်းထုတ်ရန် စီစဉ်နေကြောင်း သိရသည်။

ဆန်ချို(၂၄ နှစ်)သည် နည်းပြ တန်ဟက်ဂ်နှင့် အဆင်မပြေဖြစ်ခဲ့သဖြင့် အသင်းဟောင်း ဒေ့ါမွန်ထံ အငှားသွားရောက်ကစားခဲ့ခြင်းဖြစ်ပြီး တန်ဟက်ဂ် ဆက်ရှိနေပါက မန်ယူအသင်းထံ ပြန်မလာလိုတော့ကြောင်း သတင်းထွက်ခဲ့သည်။

သို့သော် ယခုအခါ မန်ယူအသင်းတာဝန်ရှိသူများက မည်သည့်နည်းပြ တာဝန်ယူသည်ဖြစ်စေ ၎င်းကို ရောင်းထုတ်ပစ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၄၀)ဟု သတ်မှတ်ထားကြောင်း BBC က ဖော်ပြခဲ့သည်။