ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ (၁၄)ႏွစ္ေျမာက္ ပါတီႏွစ္ပတ္လည္ေန႔ အခမ္းအနား က်င္းပျပဳလုပ္

ဇြန္ ၈၊ ေနျပည္ေတာ္

၈-၆-၂၀၁၀ ရက္ႏွစ္တြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီအသင္းမွသည္ ပါတီအျဖစ္သို႔ ျပင္ဆင္တည္ေထာင္ခဲ့ရာ ၈-၆-၂၀၂၄ ရက္ေန႔တြင္ (၁၄)ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ပါသည္။ ပါတီႏွစ္ပတ္လည္ေန႔တြင္ ပါတီဌာနခ်ဳပ္၌ အလံတင္အခမ္းအနား၊ အာ႐ုံဆြမ္းဆက္ကပ္လႉဒါန္းျခင္းအခမ္းအနား၊ (၁၄)ႏွစ္ေျမာက္ ပါတီႏွစ္ပတ္လည္ေန႔အခမ္းအနားမ်ားကို အပိုင္းအလိုက္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ခဲ့ပါသည္။
ပထမပိုင္းအခမ္းအနားျဖစ္သည္ အလံတင္အခမ္းအနားကို နံနက္ ၀၅၄၅ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အလံတိုင္ကြင္း၌ စတင္က်င္းပခဲ့ၿပီး ပါတီဗဟိုအတြင္းေရးမႉး ဦးသူရိန္ေဇာ္မွ ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံအလံေတာ္၊ ပါတီဗဟိုေကာ္မတီဝင္ ေဒါက္တာေဇာ္ေဇာ္ျမင့္၊ ဌာနခ်ဳပ္မႉး ဦးေသာင္းေရႊတို႔မွ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီအလံေတာ္တို႔အား အသီးသီးလႊင့္တင္၍ နိုင္ငံေတာ္သီခ်င္းသီဆို အေလးျပဳကာ အလံတင္အခမ္းအနားအား ႐ုတ္သိမ္းခဲ့ပါသည္။
ဒုတိယအခမ္းအနားျဖစ္သည့္ ဆရာေတာ္၊ သံဃာေတာ္မ်ားအား အာ႐ုဏ္ဆြမ္းဆက္ကပ္ လႉဒါန္းျခင္းအခမ္းအနားကို နံနက္ ၀၆၁၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ဧည့္ခန္းမ၌ ဆက္လက္က်င္းပရာ အခမ္းအနားကို နေမာတႆ သုံးႀကိမ္ရြတ္ဆို ဖြင့္လွစ္ၿပီး ေပါက္ၿမိဳင္ပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဘိဓဇမဟာရ႒ဂု႐ု၊ အဂၢမဟာပ႑ိတ၊ မဟာဂႏၶဝါစက၊ ဥပၸါဒသႏၲိေစတီေတာ္ျမတ္ႀကီး၏ ၾသဝါဒစရိယ ဆရာေတာ္ ဘဒၵႏၲဇနိႏၵ ခ်ီးျမႇင့္သည့္ အဂၤါ (၅)ပါးႏွင့္ညီေသာ သီလေတာ္ျမတ္အား ခံယူတည္ေဆာက္ၾကပါသည္။
ထို႔ေနာက္ ႂကြေရာက္ေတာ္မူၾကသည့္ ဆရာေတာ္အရွင္သူျမတ္မ်ားမွ ပရိတ္တရားေတာ္မ်ား ရြတ္ဖတ္ခ်ီးျမႇင့္ျခင္း၊ ဆရာေတာ္မ်ားအား ပါတီဥကၠ႒၊ ဒုတိယဥကၠ႒မ်ား၊အေထြေထြအတြင္းေရးမႉး၊ တြဲဖက္အေထြေထြအတြင္းေရးမႉးႏွင့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီဝင္မ်ားမွ ဒါဓဗၺဝတၳဳအစုစုတို႔အား ဆက္ကပ္လႉဒါန္းျခင္း၊ ပ်ဥ္းမနားၿမိဳ႕ ပါဠိတကၠသိုလ္ မဂၤလာေဇယ်ဳံပရိယတၱိစာသင္တိုက္ ပဓာနနာယက၊ အဂၢမဟာပ႑ိတ၊ အဂၢမဟာသဒၶမေဇာတိကဓဇ ၊ ဥပၸါဒသႏၲိေစတီေတာ္ျမတ္ႀကီး၏ ၾသဝါဒစရိယ ဆရာေတာ္ ဘဒၵႏၲဝိမလဗုဒၶိမွ လႉဒါန္းမႈအစုစုတို႔အတြက္ ေရစက္သြန္းခ်အမၽွေပးေဝရန္အတြက္ အႏုေမာဒနာတရားခ်ီးျမႇင့္ခဲ့ၿပီး အခမ္းအနားကို ဗုဒၶ သာသနံ စိရံ တိ႒တု သုံးႀကိမ္ရြတ္ဆို ႐ုပ္သိမ္းခဲ့ပါသည္။ ၎ေနာက္ ဆရာေတာ္သံဃာေတာ္မ်ားအား အာ႐ုဏ္ဆြမ္းဆက္ကပ္လႉဒါန္းၾကပါသည္။
တတိယအခမ္းအနားျဖစ္သည့္ (၁၄)ႏွစ္ေျမာက္ ပါတီႏွစ္ပတ္လည္ေန႔ အခမ္းအနားကို နံနက္ ၀၉၀၀ အခ်ိန္တြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမႀကီး၌ ဆက္လက္က်င္းပရာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီ၊ ဒုတိယဥကၠ႒မ်ားျဖစ္ၾကသည့္ ဦးျမတ္ဟိန္း၊ ဦးလွထြန္း၊ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတိုင္ပင္ခံမ်ား၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ နိုင္ငံျခားသံ႐ုံမ်ားမွ သံအမတ္ႀကီးမ်ားႏွင့္ သံအရာရွိမ်ား၊ NGO, INGO အဖြဲ႕အစည္းမ်ား၊ ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ား၊ ပါတီဌာနခ်ဳပ္မႉးႏွင့္ ဌာနမႉးမ်ား၊ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားကို နိုင္ငံေတာ္အလံေလးျပဳ၍ နိုင္ငံေတာ္သီခ်င္း သီဆိုဖြင့္လွစ္ခဲ့ၿပီး ပါတီဌာနခ်ဳပ္ ဦးစီး႐ုံးအဖြဲ႕ဝင္ လူငယ္ေမာင္မယ္မ်ားမွ “ရာသက္ပန္ ျပည္ေထာင္စု” သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖၾကပါသည္။ ၎ေနာက္ ပါတီဥကၠ႒ ဦးခင္ရီမွ အမွာစကားေျပာၾကားရာ “ မိမိတို႔ပါတီဟာ နိုင္ငံရဲ့ လိုအပ္ခ်က္၊ သမိုင္းရဲ့လိုအပ္ခ်က္မ်ားေၾကာင့္ ေပၚေပါက္လာခဲ့ရသည့္ ပါတီအဖြဲ႕အစည္းျဖစ္ေၾကာင္း၊ အသင္းႀကီးမွသည္ ပါတီအျဖစ္သို႔ေရာက္ရွိၿပီး ျပည္သူ႔အက်ိဳးကို သယ္ပိုးေဆာင္ရြက္ၾကရာ ယခုဆိုလၽွင္ ပါတီ၏သက္တမ္းမွာ ၁၄ ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ေၾကာင္း၊ ေခတ္အဆက္ဆက္ပါတီတာဝန္ရွိသူမ်ားအေနျဖင့္ ပါတီႀကီး ေကာင္းသထက္ေကာင္းမြန္ေအာင္ ေဆာင္ရြက္လာတာကို ေတြ႕ရွိခဲ့ရေၾကာင္းႏွင့္ မိမိဦးေဆာင္သည့္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီသည္လည္း ပါတီႀကီးအဓြန႔္ရွည္တည္တံ့ေစေရး၊ ေအာင္ျမင္မႈမ်ားစြာရရွိေရးအတြက္ ပါတီ၏ ရည္မွန္းခ်က္၊ လုပ္ငန္းတာဝန္မ်ားကို ဦးလည္မသုန္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း၊ (၁၄) ႏွစ္ေျမာက္မွသည္ ကမၻာတည္သေရြ႕ ျမန္မာတည္ရမည္၊ ျမန္မာတည္သေရြ႕ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ တည္ရွိရမည္ျဖစ္ေၾကာင္း၊ အင္အားေတာင့္တင္းၿပီး က်စ္လစ္ခိုင္မာေသာ Smart Party ျဖစ္ေအာင္ ဝိုင္းဝန္းႀကိဳးပမ္းေဆာင္ရြက္ရင္း ေရွ႕ဆက္သြားမည္ျဖစ္ေၾကာင္း” ႏွင့္ ပါတီေရွ႕လုပ္ငန္းစဥ္မ်ားကိုပါ လုပ္ငန္းလမ္းညႊန္ အျဖစ္ ထည့္သြင္း ေျပာၾကားခဲ့ပါသည္။
အစီအစဥ္အရ Digital Medial Deparment မွ စီစဥ္တင္ဆက္သည့္ ပါတီသမိုင္းေၾကာင္းႏွင့္ လက္ရွိပါတီလုပ္ငန္းမ်ားလႈပ္ရွားေဆာင္ရြက္မႈ Documentry Video အား ျပသခဲ့ပါသည္။ ဆက္လက္ၿပီး လူငယ္ေမာင္မယ္မ်ားမွ “ျပည္ခိုင္ၿဖိဳး လာၿပီ” သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖခဲ့ၿပီး (၁၄)ႏွစ္ျပည့္ ပါတီႏွစ္ပတ္လည္ေန႔အား ႀကိဳဆိုဂုဏ္ျပဳသည့္အေနျဖင့္ က်င္းပျပဳလုပ္သည့္ က်ဘမ္းစကားေျပာၿပိဳင္ပြဲ၊ စာေပ၊ ကဗ်ာ၊ ၀တၳဴတိုၿပိဳင္ပြဲ၊ ပါတီသီခ်င္း ဆိုၿပိဳင္ပြဲ၊ အသက္ (၉)ႏွစ္ေအာက္ ကေလးငယ္မ်ား ကာယဗလေမာင္ၿပိဳင္ပြဲမ်ားမွ ဆုရရွိသူမ်ားအား ပါတီဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ားမွ ဆုမ်ားအသီးသီးခ်ီးျမႇင့္ခဲ့ပါသည္။
ဆက္လက္ၿပီး (၁၄)ႏွစ္ေျမာက္ ပါတီႏွစ္ပတ္လည္ေန႔အား ဂုဏ္ျပဳသည့္အေနျဖင့္ ေရးစပ္သီဆိုၾကသည့္ သီခ်င္းသစ္ ( ၂ ) ပုဒ္ျဖစ္သည့္ “ျပည္ေထာင္စု…အေမြ” ႏွင့္ “မွတပါး…အျခားမရွိ” သီခ်င္းအား ပဲခူးတိုင္းေဒသႀကီး(အေရွ႕ပိုင္း)ႏွင့္ ကရင္ျပည္နယ္မွ သီဆိုသူမ်ားက ေဖ်ာ္ေျဖသီဆိုၾကပါသည္။ ထို႔ေနာက္ ဦးစီး႐ုံးအဖြဲ႕ဝင္ လူငယ္ေမာင္မယ္မ်ားမွ “ေကသရာဇာျခေသၤ့” သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖပါသည္။ ၎ေနာက္ လုပ္ငန္းစြမ္းေဆာင္ရည္ဆု (၁၅)ဆုအား ပါတီဒုတိယဥကၠမ်ား၊ ပါတီဗဟိုအတြင္းေရးမႉးမ်ားက ေပးအပ္ခ်ီးျမႇင့္ခဲ့ပါသည္။ ဆက္လက္ၿပီး ပညာသင္ၾကားေနၾကေသာ တကၠသိုလ္၊ အထက္တန္း၊ အလယ္တန္း၊ မူလတန္းမ်ားမွ ေက်ာင္းသား/ေက်ာင္းသူမ်ားအား ပါတီဥကၠ႒ႀကီးမွ ေက်ာင္းသုံးဗလာစာအုပ္မ်ားႏွင့္ ေထာက္ပံ့ေငြမ်ားေပးအပ္ခ်ီးျမႇင့္ခဲ့ပါသည္။
ဆက္လက္ၿပီး ဦးစီး႐ုံးအဖြဲ႕ဝင္ လူငယ္ေမာင္မယ္မ်ားမွ “ျပည္ခိုင္ၿဖိဳးအဓိ႒ာန္” သီခ်င္းျဖင့္ သီဆိုေဖ်ာ္ေျဖၿပီး၊ ဗလာမပါကံစမ္းမဲ အထူးဆု (၁၅)ဆုအား မဲေဖာက္ေပးခဲ့ၿပီး အခမ္းအနားကို ဦးစီး႐ုံးအဖြဲ႕ဝင္ လူငယ္ေမာင္မယ္မ်ားမွ “စည္းလုံးျခင္းအတြင္ သီခ်င္းတစ္ပုဒ္” သီခ်င္းျဖင့္ ေတးသ႐ုပ္ေဖာ္ေဖ်ာ္ေျဖၿပီး (၁၄)ႏွစ္ေျမာက္ ပါတီႏွစ္ပတ္လည္ေန႔အခမ္းအနား ေန႔လည္ (၁၂၄၅)အခ်ိန္တြင္ ေအာင္ျမင္စြာၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

==========

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၄)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်
====================================================
ဇွန် ၈၊ နေပြည်တော်

၈-၆-၂၀၁၀ ရက်နှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအသင်းမှသည် ပါတီအဖြစ်သို့ ပြင်ဆင်တည်ထောင်ခဲ့ရာ ၈-၆-၂၀၂၄ ရက်နေ့တွင် (၁၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ပါတီနှစ်ပတ်လည်နေ့တွင် ပါတီဌာနချုပ်၌ အလံတင်အခမ်းအနား၊ အာရုံဆွမ်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနား၊ (၁၄)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့အခမ်းအနားများကို အပိုင်းအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမပိုင်းအခမ်းအနားဖြစ်သည် အလံတင်အခမ်းအနားကို နံနက် ၀၅၄၅ အချိန်တွင် ပါတီဌာနချုပ် အလံတိုင်ကွင်း၌ စတင်ကျင်းပခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး ဦးသူရိန်ဇော်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအလံတော်၊ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဇော်ဇော်မြင့်၊ ဌာနချုပ်မှူး ဦးသောင်းရွှေတို့မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအလံတော်တို့အား အသီးသီးလွှင့်တင်၍ နိုင်ငံတော်သီချင်းသီဆို အလေးပြုကာ အလံတင်အခမ်းအနားအား ရုတ်သိမ်းခဲ့ပါသည်။
ဒုတိယအခမ်းအနားဖြစ်သည့် ဆရာတော်၊ သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်းအခမ်းအနားကို နံနက် ၀၆၁၀ အချိန်တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ ဆက်လက်ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး ပေါက်မြိုင်ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ မဟာဂန္ဓဝါစက၊ ဥပ္ပါဒသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဇနိန္ဒ ချီးမြှင့်သည့် အင်္ဂါ (၅)ပါးနှင့်ညီသော သီလတော်မြတ်အား ခံယူတည်ဆောက်ကြပါသည်။
ထို့နောက် ကြွရောက်တော်မူကြသည့် ဆရာတော်အရှင်သူမြတ်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ခြင်း၊ ဆရာတော်များအား ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များမှ ဒါဓဗ္ဗဝတ္ထုအစုစုတို့အား ဆက်ကပ်လှူဒါန်းခြင်း၊ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ၊ ဥပ္ပါဒသန္တိစေတီတော်မြတ်ကြီး၏ သြဝါဒစရိယ ဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေရန်အတွက် အနုမောဒနာတရားချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ပါသည်။ ၎င်းနောက် ဆရာတော်သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြပါသည်။
တတိယအခမ်းအနားဖြစ်သည့် (၁၄)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့ အခမ်းအနားကို နံနက် ၀၉၀၀ အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမကြီး၌ ဆက်လက်ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတိုင်ပင်ခံများ၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ နိုင်ငံခြားသံရုံများမှ သံအမတ်ကြီးများနှင့် သံအရာရှိများ၊ NGO, INGO အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပါတီဌာနချုပ်မှူးနှင့် ဌာနမှူးများ၊ ဦးစီးရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်အလံလေးပြု၍ နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ပြီး ပါတီဌာနချုပ် ဦးစီးရုံးအဖွဲ့ဝင် လူငယ်မောင်မယ်များမှ “ရာသက်ပန် ပြည်ထောင်စု” သီချင်းဖြင့် သီဆိုဖျော်ဖြေကြပါသည်။ ၎င်းနောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ အမှာစကားပြောကြားရာ “ မိမိတို့ပါတီဟာ နိုင်ငံရဲ့ လိုအပ်ချက်၊ သမိုင်းရဲ့လိုအပ်ချက်များကြောင့် ပေါ်ပေါက်လာခဲ့ရသည့် ပါတီအဖွဲ့အစည်းဖြစ်ကြောင်း၊ အသင်းကြီးမှသည် ပါတီအဖြစ်သို့ရောက်ရှိပြီး ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ကြရာ ယခုဆိုလျှင် ပါတီ၏သက်တမ်းမှာ ၁၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်ပါတီတာဝန်ရှိသူများအနေဖြင့် ပါတီကြီး ကောင်းသထက်ကောင်းမွန်အောင် ဆောင်ရွက်လာတာကို တွေ့ရှိခဲ့ရကြောင်းနှင့် မိမိဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီသည်လည်း ပါတီကြီးအဓွန့်ရှည်တည်တံ့စေရေး၊ အောင်မြင်မှုများစွာရရှိရေးအတွက် ပါတီ၏ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို ဦးလည်မသုန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ (၁၄) နှစ်မြောက်မှသည် ကမ္ဘာတည်သရွေ့ မြန်မာတည်ရမည်၊ မြန်မာတည်သရွေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တည်ရှိရမည်ဖြစ်ကြောင်း၊ အင်အားတောင့်တင်းပြီး ကျစ်လစ်ခိုင်မာသော Smart Party ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရင်း ရှေ့ဆက်သွားမည်ဖြစ်ကြောင်း” နှင့် ပါတီရှေ့လုပ်ငန်းစဉ်များကိုပါ လုပ်ငန်းလမ်းညွှန် အဖြစ် ထည့်သွင်း ပြောကြားခဲ့ပါသည်။
အစီအစဉ်အရ Digital Medial Deparment မှ စီစဉ်တင်ဆက်သည့် ပါတီသမိုင်းကြောင်းနှင့် လက်ရှိပါတီလုပ်ငန်းများလှုပ်ရှားဆောင်ရွက်မှု Documentry Video အား ပြသခဲ့ပါသည်။ ဆက်လက်ပြီး လူငယ်မောင်မယ်များမှ “ပြည်ခိုင်ဖြိုး လာပြီ” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး (၁၄)နှစ်ပြည့် ပါတီနှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ်သည့် ကျဘမ်းစကားပြောပြိုင်ပွဲ၊ စာပေ၊ ကဗျာ၊ ၀တ္ထူတိုပြိုင်ပွဲ၊ ပါတီသီချင်း ဆိုပြိုင်ပွဲ၊ အသက် (၉)နှစ်အောက် ကလေးငယ်များ ကာယဗလမောင်ပြိုင်ပွဲများမှ ဆုရရှိသူများအား ပါတီဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များမှ ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး (၁၄)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့အား ဂုဏ်ပြုသည့်အနေဖြင့် ရေးစပ်သီဆိုကြသည့် သီချင်းသစ် ( ၂ ) ပုဒ်ဖြစ်သည့် “ပြည်ထောင်စု…အမွေ” နှင့် “မှတပါး…အခြားမရှိ” သီချင်းအား ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)နှင့် ကရင်ပြည်နယ်မှ သီဆိုသူများက ဖျော်ဖြေသီဆိုကြပါသည်။ ထို့နောက် ဦးစီးရုံးအဖွဲ့ဝင် လူငယ်မောင်မယ်များမှ “ကေသရာဇာခြင်္သေ့” သီချင်းဖြင့် သီဆိုဖျော်ဖြေပါသည်။ ၎င်းနောက် လုပ်ငန်းစွမ်းဆောင်ရည်ဆု (၁၅)ဆုအား ပါတီဒုတိယဥက္ကများ၊ ပါတီဗဟိုအတွင်းရေးမှူးများက ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ဆက်လက်ပြီး ပညာသင်ကြားနေကြသော တက္ကသိုလ်၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းများမှ ကျောင်းသား/ကျောင်းသူများအား ပါတီဥက္ကဋ္ဌကြီးမှ ကျောင်းသုံးဗလာစာအုပ်များနှင့် ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး ဦးစီးရုံးအဖွဲ့ဝင် လူငယ်မောင်မယ်များမှ “ပြည်ခိုင်ဖြိုးအဓိဋ္ဌာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ ဗလာမပါကံစမ်းမဲ အထူးဆု (၁၅)ဆုအား မဲဖောက်ပေးခဲ့ပြီး အခမ်းအနားကို ဦးစီးရုံးအဖွဲ့ဝင် လူငယ်မောင်မယ်များမှ “စည်းလုံးခြင်းအတွင် သီချင်းတစ်ပုဒ်” သီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေပြီး (၁၄)နှစ်မြောက် ပါတီနှစ်ပတ်လည်နေ့အခမ်းအနား နေ့လည် (၁၂၄၅)အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။