စက္႐ုပ္ပန႔္ကိုင္ျဖင့္ ဓာတ္ဆီျဖည့္ေပးေတာ့မည္

ယူေအအီးနိုင္ငံတစ္ဝန္းက ဓာတ္ဆီဆိုင္ေတြမွာ ဓာတ္ဆီျဖည့္တဲ့ကားေတြဟာ သာမာန္လူသား ဆီပန႔္ကိုင္ေတြနဲ႔ အတူ စက္႐ုပ္ပန႔္ကိုင္ကို မၾကာခင္ ေတြ႕နိုင္ေတာ့မွာ ျဖစ္ပါတယ္။ အဘူဒါဘီအမ်ိဳးသားေရနံကုမၸဏီရဲ့ ျဖန႔္ျဖဴးေရး ဌာနဟာ သုံးစြဲသူေတြကို ဉာဏ္ရည္တု AI သုံးစြဲတဲ့ အေတြ႕အၾကဳံကို ပံ့ပိုးေပးမယ့္ အစီအစဥ္တစ္စိတ္တစ္ပိုင္း အျဖစ္ ေလာင္စာဆီျဖည့္ စက္႐ုပ္လက္တံနဲ႔ မိတ္ဆက္တဲ့ ေရွ႕ေျပးစီမံကိန္းကို စတင္ခဲ့ပါတယ္။
အာ႐ုံခံကိရိယာေတြ၊ ကင္မရာေတြရဲ့ အကူအညီနဲ႔ စက္႐ုပ္လက္တံဟာ ဆီထည့္မယ့္ကားဆီကို ဆန႔္ထြက္လာၿပီး ဆီတိုင္ကီအဖုံးကိုဖြင့္ကာ ဆီျဖည့္ဖို႔အတြက္ ေနာ္ဇယ္ေခါင္းကို ခ်ိန္ညႇိေပးပါတယ္။ စက္႐ုပ္လက္တံမွာ ကြန္ျပဴတာ အျမင္အာ႐ုံ နည္းပညာကို အသုံးျပဳထားၿပီး ဖိတ္စင္မႈမျဖစ္ေအာင္ စီမံခန႔္ခြဲနိုင္လို႔ လ်င္ျမန္ၿပီး သဘာဝပတ္ဝန္း က်င္နဲ႔ သဟဇာတျဖစ္ေအာင္ ဒီဇိုင္းထုတ္ထားတယ္လို႔ သိရပါတယ္။
ကုမၸဏီျဖန႔္ျဖဴးေရးဌာနရဲ့ AI ဝန္ေဆာင္မႈဌာနမွာ သ႐ုပ္ျပထားတဲ့ ဒီနည္းပညာကို ဝန္ထမ္းေတြကို ပံ့ပိုးကူညီမႈ၊ ကုန္ထုတ္စြမ္းအားျမႇင့္တင္ဖို႔နဲ႔ ဓာတ္ဆီျဖည့္ဖို႔ ေစာင့္ဆိုင္းခ်ိန္ေတြကို ေလၽွာ့ခ်ဖို႔တို႔ အတြက္ အသုံးျပဳမွာ ျဖစ္ပါတယ္။

========

စက်ရုပ်ပန့်ကိုင်ဖြင့် ဓာတ်ဆီဖြည့်ပေးတော့မည်
——————–
ယူအေအီးနိုင်ငံတစ်ဝန်းက ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီဖြည့်တဲ့ကားတွေဟာ သာမာန်လူသား ဆီပန့်ကိုင်တွေနဲ့ အတူ စက်ရုပ်ပန့်ကိုင်ကို မကြာခင် တွေ့နိုင်တော့မှာ ဖြစ်ပါတယ်။ အဘူဒါဘီအမျိုးသားရေနံကုမ္ပဏီရဲ့ ဖြန့်ဖြူးရေး ဌာနဟာ သုံးစွဲသူတွေကို ဉာဏ်ရည်တု AI သုံးစွဲတဲ့ အတွေ့အကြုံကို ပံ့ပိုးပေးမယ့် အစီအစဉ်တစ်စိတ်တစ်ပိုင်း အဖြစ် လောင်စာဆီဖြည့် စက်ရုပ်လက်တံနဲ့ မိတ်ဆက်တဲ့ ရှေ့ပြေးစီမံကိန်းကို စတင်ခဲ့ပါတယ်။
အာရုံခံကိရိယာတွေ၊ ကင်မရာတွေရဲ့ အကူအညီနဲ့ စက်ရုပ်လက်တံဟာ ဆီထည့်မယ့်ကားဆီကို ဆန့်ထွက်လာပြီး ဆီတိုင်ကီအဖုံးကိုဖွင့်ကာ ဆီဖြည့်ဖို့အတွက် နော်ဇယ်ခေါင်းကို ချိန်ညှိပေးပါတယ်။ စက်ရုပ်လက်တံမှာ ကွန်ပြူတာ အမြင်အာရုံ နည်းပညာကို အသုံးပြုထားပြီး ဖိတ်စင်မှုမဖြစ်အောင် စီမံခန့်ခွဲနိုင်လို့ လျင်မြန်ပြီး သဘာဝပတ်ဝန်း ကျင်နဲ့ သဟဇာတဖြစ်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ သိရပါတယ်။
ကုမ္ပဏီဖြန့်ဖြူးရေးဌာနရဲ့ AI ဝန်ဆောင်မှုဌာနမှာ သရုပ်ပြထားတဲ့ ဒီနည်းပညာကို ဝန်ထမ်းတွေကို ပံ့ပိုးကူညီမှု၊ ကုန်ထုတ်စွမ်းအားမြှင့်တင်ဖို့နဲ့ ဓာတ်ဆီဖြည့်ဖို့ စောင့်ဆိုင်းချိန်တွေကို လျှော့ချဖို့တို့ အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။