TikTok က ၆၀ မိနစ္ ဗီဒီယိုေတြ တင္နိုင္တဲ့ Feature ကို စမ္းသပ္ေန

ဗီဒီယို အတိုေတြ မၽွေဝတဲ့ လူမႈကြန္ရက္ ျဖစ္တဲ့ TikTok ဟာ YouTube ကို ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားေနပါတယ္။ TikTok က ၆၀ မိနစ္ ဗီဒီယိုေတြ တင္နိုင္တဲ့ Feature ကို စမ္းသပ္ေနၿပီး လက္ရွိမွာ နိုင္ငံတခ်ိဳ႕မွ User အနည္းငယ္မွာပဲ အသုံးျပဳနိုင္ပါေသးတယ္။
TikTok က ဗီဒီယို အရွည္ေတြ ၾကည့္ၾကတဲ့ YouTube User ေတြကို စြဲေဆာင္ဖို႔အတြက္ အခုလို ျပဳလုပ္ေပးတာ ေသခ်ာပါတယ္။
YouTube ဟာ အေစာပိုင္းမွာ ၁၅ မိနစ္ ဗီဒီယိုေတြကိုပဲ တင္ခြင့္ေပးခဲ့ရာကေန ေနာက္ပိုင္းမွာ ဗီဒီယို အရွည္ေတြကိုပါ တင္ခြင့္ေပးခဲ့ပါတယ္။ အခုေတာ့ TikTok ကလည္း YouTube လမ္းစဥ္ကို လိုက္ေတာ့မွာ ျဖစ္ပါတယ္။
TikTok က ဟင္းခ်က္နည္း၊ အလွျပင္နည္း၊ စာသင္ျခင္း၊ ဟာသ တို႔လို Content ေတြအတြက္ ဗီဒီယို အရွည္ကို တိုးျမႇင့္ေပးဖို႔ Creator ေတြရဲ့ ေတာင္းဆိုမႈကို ၾကားသိခဲ့ရတယ္လို႔ ေျပာပါတယ္။ အဲဒီအတြက္ ဗီဒီယို အရွည္ကို တိုးျမႇင့္ေပးခဲ့ရတာလို႔ ေျပာပါတယ္။ TikTok ဟာ အလ်ားလိုက္ Full Screen Mode ကိုလည္း စမ္းသပ္ေနပါတယ္။
Ref : theverge

========

TikTok က ၆၀ မိနစ် ဗီဒီယိုတွေ တင်နိုင်တဲ့ Feature ကို စမ်းသပ်နေ

ဗီဒီယို အတိုတွေ မျှဝေတဲ့ လူမှုကွန်ရက် ဖြစ်တဲ့ TikTok ဟာ YouTube ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။ TikTok က ၆၀ မိနစ် ဗီဒီယိုတွေ တင်နိုင်တဲ့ Feature ကို စမ်းသပ်နေပြီး လက်ရှိမှာ နိုင်ငံတချို့မှ User အနည်းငယ်မှာပဲ အသုံးပြုနိုင်ပါသေးတယ်။
TikTok က ဗီဒီယို အရှည်တွေ ကြည့်ကြတဲ့ YouTube User တွေကို စွဲဆောင်ဖို့အတွက် အခုလို ပြုလုပ်ပေးတာ သေချာပါတယ်။
YouTube ဟာ အစောပိုင်းမှာ ၁၅ မိနစ် ဗီဒီယိုတွေကိုပဲ တင်ခွင့်ပေးခဲ့ရာကနေ နောက်ပိုင်းမှာ ဗီဒီယို အရှည်တွေကိုပါ တင်ခွင့်ပေးခဲ့ပါတယ်။ အခုတော့ TikTok ကလည်း YouTube လမ်းစဉ်ကို လိုက်တော့မှာ ဖြစ်ပါတယ်။
TikTok က ဟင်းချက်နည်း၊ အလှပြင်နည်း၊ စာသင်ခြင်း၊ ဟာသ တို့လို Content တွေအတွက် ဗီဒီယို အရှည်ကို တိုးမြှင့်ပေးဖို့ Creator တွေရဲ့ တောင်းဆိုမှုကို ကြားသိခဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီအတွက် ဗီဒီယို အရှည်ကို တိုးမြှင့်ပေးခဲ့ရတာလို့ ပြောပါတယ်။ TikTok ဟာ အလျားလိုက် Full Screen Mode ကိုလည်း စမ်းသပ်နေပါတယ်။
Ref : theverge