အြန္လိုင္းေပၚတြင္ တရားဝင္လိုင္စင္မရွိဘဲ နိုင္ငံျခားေငြေရာင္းဝယ္သည့္လုပ္ငန္း (၁၆)ခုကို ဗဟိုဘဏ္မွ အေရးယူ

နိုင္ငံျခားသုံးေငြလုပ္ငန္း လုပ္ကိုင္ခြင့္လိုင္စင္မရွိဘဲ အြန္လိုင္းေပၚတြင္ နိုင္ငံျခားေငြမ်ားကို ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္းလဲလွယ္ျခင္း လုပ္ငန္းမ်ားကို ေဆာင္ရြက္ေနသည့္ အြန္လိုင္း Page မ်ားႏွင့္ အင္တာနက္စာမ်က္ႏွာ (၁၆) ခုကို ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း ထုတ္ျပန္လာသည္။
ယင္းကဲ့သို႔ အေရးယူခံရသည့္ လုပ္ငန္းမ်ားမွာ
ေငြေဈးႏႈန္းႏွင့္ေငြလႊဲဆိုင္ ၊ Moe Latt၊ Si Thu & bro မ်ား ၊ ရန္ကုန္ေငြေဈး၊ ေဒၚလာဝယ္ေရာင္းတိုက္ရိုက္ USD Exchange ၊ ေဒၚ လာေရာင္းဝယ္၊ December Snow ၊ June Lin Htet Naing၊ Htet Yan Money Exchange ၊ Global Value Services -GVS Money Exchange and Transfer ၊ Boss Online Money Exchange Services (Family Money Exchange) ၊ Lucky Sky Gold Smith (Facebook Page) ၊ Nay Myo Htet (Facebook Page) ၊ Gold Market Myan mar (Face book Page) ၊ Ye Mon၊ Naing Lu စသည့္ လုပ္ငန္းမ်ား ျဖစ္ၾကသည္။
ဗဟိုဘဏ္အေနျဖင့္ အဆိုပါ အဖြဲ႕အစည္းမ်ားႏွင့္ ပါဝင္ေရာင္းဝယ္သူမ်ားအား နိုင္ငံျခားသုံးေငြ စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ (၃၈) ႏွင့္ (၄၂) တို႔အျပင္ အမ်ားျပည္သူထိခိုက္ေစသည့္ ရာဇသတ္ႀကီး ဥပေဒပုဒ္မမ်ားျဖင့္ အေရးယူေဆာင္ရြက္ၿပီး ျဖစ္ေၾကာင္း သိရသည္။
ျပည္သူမ်ားအေနျဖင့္လည္း တရားဝင္လိုင္စင္ထုတ္ေပးထားေသာ နိုင္ငံျခားေငြမ်ားလဲလွယ္ေရာင္းခ်ခြင့္ရွိသည့္ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ား၌သာ လဲလွယ္ဝယ္ယူေရာင္းခ်ဖို႔ ဗဟိုဘဏ္က တိုက္တြန္းထားသည္။

======

အွန်လိုင်းပေါ်တွင် တရားဝင်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေရောင်းဝယ်သည့်လုပ်ငန်း (၁၆)ခုကို ဗဟိုဘဏ်မှ အရေးယူ

နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ အွန်လိုင်းပေါ်တွင် နိုင်ငံခြားငွေများကို ရောင်းချခြင်း၊ ဝယ်ယူခြင်းလဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေသည့် အွန်လိုင်း Page များနှင့် အင်တာနက်စာမျက်နှာ (၁၆) ခုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အရေးယူဆောင်ရွက်ထားကြောင်း ထုတ်ပြန်လာသည်။
ယင်းကဲ့သို့ အရေးယူခံရသည့် လုပ်ငန်းများမှာ
ငွေဈေးနှုန်းနှင့်ငွေလွှဲဆိုင် ၊ Moe Latt၊ Si Thu & bro များ ၊ ရန်ကုန်ငွေဈေး၊ ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange ၊ ဒေါ် လာရောင်းဝယ်၊ December Snow ၊ June Lin Htet Naing၊ Htet Yan Money Exchange ၊ Global Value Services -GVS Money Exchange and Transfer ၊ Boss Online Money Exchange Services (Family Money Exchange) ၊ Lucky Sky Gold Smith (Facebook Page) ၊ Nay Myo Htet (Facebook Page) ၊ Gold Market Myan mar (Face book Page) ၊ Ye Mon၊ Naing Lu စသည့် လုပ်ငန်းများ ဖြစ်ကြသည်။
ဗဟိုဘဏ်အနေဖြင့် အဆိုပါ အဖွဲ့အစည်းများနှင့် ပါဝင်ရောင်းဝယ်သူများအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၃၈) နှင့် (၄၂) တို့အပြင် အများပြည်သူထိခိုက်စေသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့် အရေးယူဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။
ပြည်သူများအနေဖြင့်လည်း တရားဝင်လိုင်စင်ထုတ်ပေးထားသော နိုင်ငံခြားငွေများလဲလှယ်ရောင်းချခွင့်ရှိသည့်ငွေရေးကြေးရေးအဖွဲ့အစည်းများ၌သာ လဲလှယ်ဝယ်ယူရောင်းချဖို့ ဗဟိုဘဏ်က တိုက်တွန်းထားသည်။