၂ နာရီေက်ာ္ၾကာ ေျခလ်င္ခရီးကို ဂ်က္ဝတ္စုံေၾကာင့္ ၂ မိနစ္ျဖင့္ေရာက္ရွိ

ဂ်က္ဝတ္စုံဝတ္ၿပီး ပ်ံသန္းခဲ့တဲ့ ေဆးမႉးတစ္ေယာက္ဟာ ရိုေမးနီးယားက ကမၻာလွည့္ခရီးသည္ေတြၾကား ေရပန္း စားတဲ့ ေတာင္ထိပ္တစ္ခုကို ပုံမွန္ခရီးၾကာခ်ိန္ ၂ နာရီေက်ာ္အစား ၂ မိနစ္နဲ႔ ေရာက္ရွိသြားၿပီး ရိုေမးနီးယားစံခ်ိန္ သစ္တင္ခဲ့ပါတယ္။
ထရန္ဆယ္ေဗးနီးယားက ထရာစ္ေကာ္လူေတာင္တန္းက သ႐ုပ္ျပမႈမွာ Jet Suit တီထြင္တဲ့ Gravity Industries ကို တည္ေထာင္သူနဲ႔ စီအီးအို ရစ္ခ်တ္ဘေရာင္းနင္းက ရိုေမးနီးယားအေရးေပၚဌာနနဲ႔ ပူးေပါင္းၿပီး ေပ ၅၀၀ အျမင့္ က မေတာ္တဆအျဖစ္ သ႑ာန္လုပ္ေနသူဆီကို ႏွစ္မိနစ္အတြင္း ပ်ံသန္းေရာက္ရွိခဲ့တာပါ။ ေတာင္ေပၚကယ္ဆယ္ ေရးအဖြဲ႕က ႏွစ္နာရီခြဲၾကာ ေျခလ်င္ေလၽွာက္ခဲ့ရတဲ့ခရီး ျဖစ္ပါတယ္။
အဲဒီနည္းပညာဟာ ၂၀၁၇ ခုႏွစ္ကတည္းက ဖြံ့ၿဖိဳးတိုးတက္လာခဲ့ၿပီး ေနာက္ဆုံးေပၚ 3D-printed ဗားရွင္းမွာ အေသးစားဂ်က္အင္ဂ်င္ ၇ လုံး ပါဝင္တယ္။ လက္တစ္ဘက္စီမွာ ၂ လုံးစီနဲ႔ ေက်ာပိုးအိတ္မွာ ၃ လုံး တပ္ဆင္ ထားၿပီး ျမင္းေကာင္ေရ ၁၅၀၀ အားရွိလို႔ အျမန္ႏႈန္း တစ္နာရီ ၈၅ မိုင္ႏႈန္းနဲ႔ ေပ ၁၂၀၀၀ အထိ ေရာက္ရွိနိုင္ တယ္လို႔ သိရပါတယ္။
Iron Man စတိုင္ ဂ်က္ဝတ္စုံနဲ႔ ပ်ံသန္းေနတဲ့ ေဆးမႉးတစ္ေယာက္ရဲ့ ျမင္ကြင္းဟာ မၾကာခင္ အဂၤလန္မွာ လက္ ေတြ႕ ျဖစ္လာနိုင္ၿပီး လိတ္ခ္ခရိုင္မွာ အသက္ကယ္ဆယ္ေရးေတြ လုပ္ေဆာင္မယ့္ အစီအစဥ္အေၾကာင္း ေၾကညာ ခ်က္တစ္ခု ထုတ္ျပန္ထားပါတယ္။

========

၂ နာရီကျော်ကြာ ခြေလျင်ခရီးကို ဂျက်ဝတ်စုံကြောင့် ၂ မိနစ်ဖြင့်ရောက်ရှိ

ဂျက်ဝတ်စုံဝတ်ပြီး ပျံသန်းခဲ့တဲ့ ဆေးမှူးတစ်ယောက်ဟာ ရိုမေးနီးယားက ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်း စားတဲ့ တောင်ထိပ်တစ်ခုကို ပုံမှန်ခရီးကြာချိန် ၂ နာရီကျော်အစား ၂ မိနစ်နဲ့ ရောက်ရှိသွားပြီး ရိုမေးနီးယားစံချိန် သစ်တင်ခဲ့ပါတယ်။
ထရန်ဆယ်ဗေးနီးယားက ထရာစ်ကော်လူတောင်တန်းက သရုပ်ပြမှုမှာ Jet Suit တီထွင်တဲ့ Gravity Industries ကို တည်ထောင်သူနဲ့ စီအီးအို ရစ်ချတ်ဘရောင်းနင်းက ရိုမေးနီးယားအရေးပေါ်ဌာနနဲ့ ပူးပေါင်းပြီး ပေ ၅၀၀ အမြင့် က မတော်တဆအဖြစ် သဏ္ဍာန်လုပ်နေသူဆီကို နှစ်မိနစ်အတွင်း ပျံသန်းရောက်ရှိခဲ့တာပါ။ တောင်ပေါ်ကယ်ဆယ် ရေးအဖွဲ့က နှစ်နာရီခွဲကြာ ခြေလျင်လျှောက်ခဲ့ရတဲ့ခရီး ဖြစ်ပါတယ်။
အဲဒီနည်းပညာဟာ ၂၀၁၇ ခုနှစ်ကတည်းက ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နောက်ဆုံးပေါ် 3D-printed ဗားရှင်းမှာ အသေးစားဂျက်အင်ဂျင် ၇ လုံး ပါဝင်တယ်။ လက်တစ်ဘက်စီမှာ ၂ လုံးစီနဲ့ ကျောပိုးအိတ်မှာ ၃ လုံး တပ်ဆင် ထားပြီး မြင်းကောင်ရေ ၁၅၀၀ အားရှိလို့ အမြန်နှုန်း တစ်နာရီ ၈၅ မိုင်နှုန်းနဲ့ ပေ ၁၂၀၀၀ အထိ ရောက်ရှိနိုင် တယ်လို့ သိရပါတယ်။
Iron Man စတိုင် ဂျက်ဝတ်စုံနဲ့ ပျံသန်းနေတဲ့ ဆေးမှူးတစ်ယောက်ရဲ့ မြင်ကွင်းဟာ မကြာခင် အင်္ဂလန်မှာ လက် တွေ့ ဖြစ်လာနိုင်ပြီး လိတ်ခ်ခရိုင်မှာ အသက်ကယ်ဆယ်ရေးတွေ လုပ်ဆောင်မယ့် အစီအစဉ်အကြောင်း ကြေညာ ချက်တစ်ခု ထုတ်ပြန်ထားပါတယ်။