
မေ ၂၃




======

လေဗာကူဆင်ကို ဂိုးပြတ်နိုင်ပြီး ယူရိုပါလိဂ် ချန်ပီယံဖြစ်လာတဲ့ အတ္တလန်တာ

မေ ၂၃

မနေ့ညက ယူရိုပါလိဂ်ချန်ပီယံ ဗိုလ်လုပွဲစဉ်အဖြစ် အတ္တလန်တာအသင်းနဲ့ လေဗာကူဆင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အတ္တလန်တာအသင်းက ဒီရာသီထဲ ဘွန်ဒစ်လီဂါပြိုင်ပွဲအစုံမှာ လုံး၀ ရှုံးပွဲမရှိသေးတဲ့ ချန်ပီယံ လေဗာကူဆင်အသင်းကို (၃-၀)ဂိုးရလဒ်နဲ့ အနိုင်ယူပြီး ယူရိုပါလိဂ်ချန်ပီယံဖလား ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။

အတ္တလန်တာအသင်းကစားသမား လွတ်ခ်မန်းကလည်း ယူရိုပါလိဂ်ချန်ပီယံပြိုင်ပွဲရဲ့ ဖိုင်နယ်ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်ခဲ့တဲ့ ပထမဉီးဆုံး အာဖရိက ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရပါတယ်။

အတ္တလန်တာအသင်းဟာ သမိုင်းတစ်လျှောက် ပထမဆုံး ဥရောပဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ၆၁ နှစ်ကြာ ဆုဖလားနှင့် ဝေးကွာမှုကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။