
မေ ၁၅၊ နေပြည်တော်




=======

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီတွင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

မေ ၁၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိသော ပါတီတွင်းဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ မေလ (၁၅)ရက်နေ့ နံနက် ၀၉၃၀ အချိန် ပါတီဌာနချုပ် ညီလာခံခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ဆွေးနွေးပွဲကို လူမှုဖူလုံရေးဆိုင်ရာဆောင်ရွက်ချက်များ ခေါင်းစဉ်ဖြင့် ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ထို့နောက် ပါတီဒုတိယဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှူး တို့မှ အကြံပြုဆွေးနွေးပေးခဲ့ပြီး ပါတီဥက္ကဋ္ဌမှ ဆွေးနွေးချက်များနှင့်စပ်လျဉ်းပြီး လိုအပ်သည်များအား အကြံပြုဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ပါတီဌာနချုပ်မှူးနှင့် ဌာနမှူးများ တက်ရောက်ခဲ့ပါသည်။