ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ မ်ိဳးဆက္သစ္လူငယ္မ်ားႏွင့္ ျပည္ခိုင္ၿဖိဳးပါတီ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း ေတြ႕ဆုံ

ပုသိမ္ ေမ ၁၅

ဧရာဝတီတိုင္းေဒသႀကီးသို႔ ေရာက္ရွိေနေသာ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဦးမ်ိဳး‌ေဇာ္သိန္းႏွင့္အတူ ဗဟိုအတြင္းေရးမႉး​ေဒါက္တာသန္းထြန္း၊ ဧရာဝတီတိုင္းေဒသႀကီးပါတီဥကၠ႒ ဦးသိန္းထြန္းတို႔သည္ ၂၀၂၄ခုႏွစ္၊ ေမလ ၁၅ ရက္ေန႔ နံနက္ပိုင္းတြင္ ပုသိမ္ၿမိဳ႕နယ္၊ ကန္ႀကီးေထာင့္ၿမိဳ႕နယ္၊ က်ဳံေပ်ာ္ၿမိဳ႕နယ္၊ ပန္းတေနာ္ၿမိဳ႕နယ္ႏွင့္ ေညာင္တုန္းၿမိဳ႕နယ္မ်ားမွ မ်ိဳးဆက္သစ္လူငယ္မ်ားႏွင့္ ေတြ႕ဆုံခဲ့ပါသည္။

ဦးစြာပထမ ပါတီဒုဥကၠ႒မွ မိတ္ဆက္စကားေျပာၾကားခဲ့ၿပီး ဧရာဝတီသည္ ျမန္မာနိုင္ငံအတြက္ ပထဝီနိုင္ငံေရး အႏွစ္သာရမ်ားျပည့္ဝေနတဲ့နယ္ေျမ၊ သဘာဝကေပးေသာအေမြအႏွစ္ ျဖစ္ေၾကာင္း၊ ဧရာဝတီ ရွင္သန္ေနဖို႔ က်န္းမာေနဖို႔၊ ႀကံ့ခိုင္ေနဖို႔၊ဧရာဝတီသားတို႔ ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ၾကဖို႔လိုအပ္ေၾကာင္း၊ ထို႔နည္းတူ ျပည္ေထာင္စုႀကီးကို ထိန္းသိမ္းကာကြယ္ေစာင့္ေရွာက္ၾကဖို႔အတြက္ “ကၽြန္ေတာ္တို႔လည္း တာဝန္ရွိပါသည္၊ ကၽြန္မတို႔လည္းတာဝန္ရွိပါသည္” ဆိုသည့္ ျပည္ေထာင္စု စိတ္ဓာတ္ကို အေျခခံ၍ မွန္ကန္ေသာ အသိ၊ မွန္ကန္ေသာအျမင္၊ မွန္ကန္ေသာရပ္တည္ခ်က္တို႔ျဖင့္ ခ်င့္ခ်ိန္စဥ္းစားဆုံးျဖတ္တတ္ေသာ မ်ိဳးဆက္သစ္ လူငယ္မ်ား ျဖစ္ေစလိုေၾကာင္း ဆက္လက္ေျပာၾကားခဲ့ပါသည္။

ထို႔ေနာက္ မ်ိဳးဆက္သစ္လူငယ္မ်ားကလည္း ၎တို႔သိရွိလိုသည့္ အေၾကာင္းအရာမ်ားအား ေမးျမန္းၾကရာ ပါတီဒုတိယဥကၠ႒က တစ္ခုခ်င္းစီ အေသးစိတ္ရွင္းလင္းေျပာၾကား၍ ရင္ႏွီးပြင့္လင္းစြာ အျပန္အလွန္ေဆြးေႏြးခဲ့ၾက‌ေၾကာင္း သတင္းရရွိပါသည္။

=======

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မျိုးဆက်သစ်လူငယ်များနှင့် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တွေ့ဆုံ

ပုသိမ် မေ ၁၅

ဧရာဝတီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမျိုး‌ဇော်သိန်းနှင့်အတူ ဗဟိုအတွင်းရေးမှူး​ဒေါက်တာသန်းထွန်း၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းတို့သည် ၂၀၂၄ခုနှစ်၊ မေလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျုံပျော်မြို့နယ်၊ ပန်းတနော်မြို့နယ်နှင့် ညောင်တုန်းမြို့နယ်များမှ မျိုးဆက်သစ်လူငယ်များနှင့် တွေ့ဆုံခဲ့ပါသည်။

ဦးစွာပထမ ပါတီဒုဥက္ကဋ္ဌမှ မိတ်ဆက်စကားပြောကြားခဲ့ပြီး ဧရာဝတီသည် မြန်မာနိုင်ငံအတွက် ပထဝီနိုင်ငံရေး အနှစ်သာရများပြည့်ဝနေတဲ့နယ်မြေ၊ သဘာဝကပေးသောအမွေအနှစ် ဖြစ်ကြောင်း၊ ဧရာဝတီ ရှင်သန်နေဖို့ ကျန်းမာနေဖို့၊ ကြံ့ခိုင်နေဖို့၊ဧရာဝတီသားတို့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့လိုအပ်ကြောင်း၊ ထို့နည်းတူ ပြည်ထောင်စုကြီးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြဖို့အတွက် “ကျွန်တော်တို့လည်း တာဝန်ရှိပါသည်၊ ကျွန်မတို့လည်းတာဝန်ရှိပါသည်” ဆိုသည့် ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံ၍ မှန်ကန်သော အသိ၊ မှန်ကန်သောအမြင်၊ မှန်ကန်သောရပ်တည်ချက်တို့ဖြင့် ချင့်ချိန်စဉ်းစားဆုံးဖြတ်တတ်သော မျိုးဆက်သစ် လူငယ်များ ဖြစ်စေလိုကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

ထို့နောက် မျိုးဆက်သစ်လူငယ်များကလည်း ၎င်းတို့သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်းကြရာ ပါတီဒုတိယဥက္ကဋ္ဌက တစ်ခုချင်းစီ အသေးစိတ်ရှင်းလင်းပြောကြား၍ ရင်နှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြ‌ကြောင်း သတင်းရရှိပါသည်။