၀န္ႀကီးခ်ဳပ္ အန္ဝါနဲ႔ ဟားမတ္စ္ေခါင္းေဆာင္ ေတြ႕ဆုံခဲ့သည့္ သတင္းကို ေဖ့စ္ဘုတ္မွ ျဖဳတ္ခ်ခဲ့မႈအတြက္ မေလးရွားအစိုးရ ရွင္းလင္းခ်က္ေတာင္း

မေလးရွား ဆက္သြယ္ေရးဝန္ႀကီးက ေမ ၁၄ ရက္မွာ Meta ကုမၸဏီအေပၚ ေဒါသတႀကီး ထုတ္ေဖာ္ေျပာဆိုမႈလုပ္ခဲ့ၿပီး ယခုသီတင္းပတ္အတြင္းက ဟားမတ္စ္ေခါင္းေဆာင္နဲ႔ ဝန္ႀကီးခ်ဳပ္ အန္ဝါ အီဘရာဟင္တို႔ ေတြ႕ဆုံခဲ့မႈအေၾကာင္း ေဖာ္ျပခဲ့တဲ့ ေဒသတြင္း မီဒီယာရဲ့ ေဖ့စ္ဘုတ္ပို႔စ္ေတြကို ျဖဳတ္ခ်မႈနဲ႔ပတ္သက္ၿပီး ေျဖရွင္းခ်က္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။
ဝန္ႀကီးခ်ဳပ္ အန္ဝါဟာ ေမ ၁၄ ရက္က ကာတာနိုင္ငံမွာ ဟားမတ္စ္ ထိပ္တန္းေခါင္းေဆာင္ အစၥေမးလ္ ဟာနီယက္နဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ ဟားမတ္စ္ နိုင္ငံေရးေခါင္းေဆာင္ေတြနဲ႔ ေကာင္းမြန္ေသာ ဆက္ဆံေရးရွိေၾကာင္း သို႔ေပမယ့္ ၎တို႔ စစ္တပ္ယႏၲရားနဲ႔ေတာ့ ပါဝင္ပတ္သက္မႈမရွိေၾကာင္း ေနာက္ပိုင္းမွာ သူက ေျပာဆိုခဲ့ပါတယ္။
မီဒီယာႏွစ္ခုက ေဖာ္ျပခဲ့ေသာ မစၥတာ အန္ဝါရဲ့ ေတြ႕ဆုံေဆြးေႏြးမႈအေၾကာင္းအရာကို ျဖဳတ္ခ်ခဲ့ျခင္း၊ ပါလက္စတိုင္းအေရးကိစၥေတြကို အထူးျပဳေဖာ္ျပေနတဲ့ တတိယေျမာက္ မီဒီယာတစ္ခုရဲ့ အေကာင့္ကို ပိတ္ပစ္ခဲ့ျခင္းတို႔နဲ႔ ပတ္သက္ၿပီး ေျဖရွင္းခ်က္ေပးဖို႔ မေလးရွားအစိုးရက Meta ကို စာေရးေတာင္းဆိုခဲ့ပါတယ္။
“ပို႔စ္ေတြကို ဖယ္ရွားပစ္ခဲ့တဲ့ Meta ရဲ့ လုပ္ရပ္ေတြကို ရႈတ္ခ်ပါတယ္။ အထူးသျဖင့္ ဝန္ႀကီးခ်ဳပ္ရဲ့ ကာတာနိုင္ငံ တရားဝင္ခရီးစဥ္နဲ႔ ဆက္စပ္တာေတြကိုေပါ့” လို႔ အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူလည္းျဖစ္တဲ့ ဆက္သြယ္ေရးဝန္ႀကီး ဖာမီ ဖက္ဇီးလ္က ပုံမွန္သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။
မိမိအေနနဲ႔ စိတ္မေကာင္းျဖစ္ရတာကေတာ့ ဒီလုပ္ရပ္ေတြကို အေမရိကန္ျပည္ေထာင္စုအေျခစိုက္ အဖြဲ႕အစည္းတစ္ခုက လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး သူတို႔ရဲ့ ပလက္ေဖာင္းကို အသုံးျပဳရာမွာ မီဒီယာလြတ္လပ္ခြင့္အေပၚ မေလးစားဘူးဆိုတာ ရွင္းေနေၾကာင္းလည္း သူက ေျပာဆိုပါတယ္။
မေလးရွားအစိုးရရဲ့ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္လို႔ မွတ္ခ်က္ေပးဖို႔ ေတာင္းဆိုခဲ့ေပမယ့္ လတ္တေလာမွာ Meta ဘက္က တုန႔္ျပန္ေျဖၾကားျခင္း မရွိေသးဘူးလို႔ သိရပါတယ္။
Ref: The Straits Times

========

၀န်ကြီးချုပ် အန်ဝါနဲ့ ဟားမတ်စ်ခေါင်းဆောင် တွေ့ဆုံခဲ့သည့် သတင်းကို ဖေ့စ်ဘုတ်မှ ဖြုတ်ချခဲ့မှုအတွက် မလေးရှားအစိုးရ ရှင်းလင်းချက်တောင်း
မလေးရှား ဆက်သွယ်ရေးဝန်ကြီးက မေ ၁၄ ရက်မှာ Meta ကုမ္ပဏီအပေါ် ဒေါသတကြီး ထုတ်ဖော်ပြောဆိုမှုလုပ်ခဲ့ပြီး ယခုသီတင်းပတ်အတွင်းက ဟားမတ်စ်ခေါင်းဆောင်နဲ့ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်တို့ တွေ့ဆုံခဲ့မှုအကြောင်း ဖော်ပြခဲ့တဲ့ ဒေသတွင်း မီဒီယာရဲ့ ဖေ့စ်ဘုတ်ပို့စ်တွေကို ဖြုတ်ချမှုနဲ့ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဝန်ကြီးချုပ် အန်ဝါဟာ မေ ၁၄ ရက်က ကာတာနိုင်ငံမှာ ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် အစ္စမေးလ် ဟာနီယက်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သို့ပေမယ့် ၎င်းတို့ စစ်တပ်ယန္တရားနဲ့တော့ ပါဝင်ပတ်သက်မှုမရှိကြောင်း နောက်ပိုင်းမှာ သူက ပြောဆိုခဲ့ပါတယ်။
မီဒီယာနှစ်ခုက ဖော်ပြခဲ့သော မစ္စတာ အန်ဝါရဲ့ တွေ့ဆုံဆွေးနွေးမှုအကြောင်းအရာကို ဖြုတ်ချခဲ့ခြင်း၊ ပါလက်စတိုင်းအရေးကိစ္စတွေကို အထူးပြုဖော်ပြနေတဲ့ တတိယမြောက် မီဒီယာတစ်ခုရဲ့ အကောင့်ကို ပိတ်ပစ်ခဲ့ခြင်းတို့နဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ မလေးရှားအစိုးရက Meta ကို စာရေးတောင်းဆိုခဲ့ပါတယ်။
“ပို့စ်တွေကို ဖယ်ရှားပစ်ခဲ့တဲ့ Meta ရဲ့ လုပ်ရပ်တွေကို ရှုတ်ချပါတယ်။ အထူးသဖြင့် ဝန်ကြီးချုပ်ရဲ့ ကာတာနိုင်ငံ တရားဝင်ခရီးစဉ်နဲ့ ဆက်စပ်တာတွေကိုပေါ့” လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဆက်သွယ်ရေးဝန်ကြီး ဖာမီ ဖက်ဇီးလ်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
မိမိအနေနဲ့ စိတ်မကောင်းဖြစ်ရတာကတော့ ဒီလုပ်ရပ်တွေကို အမေရိကန်ပြည်ထောင်စုအခြေစိုက် အဖွဲ့အစည်းတစ်ခုက လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူတို့ရဲ့ ပလက်ဖောင်းကို အသုံးပြုရာမှာ မီဒီယာလွတ်လပ်ခွင့်အပေါ် မလေးစားဘူးဆိုတာ ရှင်းနေကြောင်းလည်း သူက ပြောဆိုပါတယ်။
မလေးရှားအစိုးရရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် လတ်တလောမှာ Meta ဘက်က တုန့်ပြန်ဖြေကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။
Ref: The Straits Times