

========

ဧရာဝတီတိုင်းဒေသကြီး၊ ပေါင်းစပ်ညှိနှိုင်းရေးမှူး၊ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းဧရာဝတီတိုင်းဒေသကြီးပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

ပုသိမ် ဧပြီ ၁၀

၁၀.၄.၂၀၂၄နေ့ နေ့လည် ၁၁း၃၀ တွင်ဧရာဝတီတိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီစည်းဝေးခန်းမတွင် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီစုံညီအစည်းအဝေး (၄/၂၀၂၄) ထပ်ဆင့်ရှင်းလင်းပွဲဆောင်ရွက်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး၊ဧရာဝတီတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူးဒေါက်တာသန်းထွန်းတက်ရောက်ခဲ့ပါသည်။
ဗဟိုအတွင်းရေးမှူးက အစည်း အဝေးကျင်းပရာတွင်ဆောင်ရွက်ရန်လိုအပ်ချက်များ၊ပါတီဖွဲ့စည်းမှုမှန်ကန်ရေး၊စည်းရုံးရေးဆိုင်ရာများ၊ ပါတီဝင်စိစစ်မှုများ၊Mapping ဆောင်ရွက်မှုများကိုရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းပါတီဥက္ကဌ ဦးသိန်းထွန်းက ပါတီဥက္ကဌ၏ လမ်းညွှန်ချက်များအား ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြခြင်း၊ ဗဟိုအလုပ်အမှုဆောင်များ၏ လမ်းညွှန်ဆွေးနွေးချက်များအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကိုရှင်းလင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။
ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းပါတီကော်မတီဝင်များ၊ခရိုင်(၈)ခရိုင်မှပါတီဥက္ကဌများ၊(၂၆)မြို့နယ်မှပါတီဥက္ကဌများစုစုပေါင်း ၄၅ ဦးတက်ရောက်ပြီး နေ့လည် ၁၃း၁၀တွင်တွေဆုံဆွေးနွေးပွဲပြီးဆုံးခဲ့ပါသည်။