ျပင္ဦးလြင္တြင္ ပန္းပူေဇာ္ပြဲ ညလုံးေပါက္က်င္းပမည္

မတ္ ၆

ျပင္ဦးလြင္ၿမိဳ၊ ေနာင္ခမ္းႀကီးရပ္ကြက္ႀကီး(၂၀)ရွိ သၽွီးနီးလ္ေထရႊရ္ သၽွီဝဟိႏၵဴဘုရားေက်ာင္းမွာ ဘုရားေက်ာင္းေဂါပကအဖြဲက ႀကီးမႉးၿပီး မတ္လ ၈ ရက္မွာ မဟာသၽွီဝရာႀတီး ပန္းပူေဇာ္ပြဲေတာ္ႀကီးကို ညလုံးေပါက္က်င္းပသြားမွာ ျဖစ္တယ္လို ဘုရားေက်ာင္းေဂါပကအဖြဲကေန သိရပါတယ္။

ပန္းပူေဇာ္ပြဲေတာ္ရဲ့ မတ္လ ၈ ရက္မွာ ပထမအႀကိမ္ပူေဇာ္ပြဲကို ည ၉ နာရီ၊ ဒုတိယအႀကိမ္ပူေဇာ္ပြဲကို ည ၁၂ နာရီ၊ တတိယအႀကိမ္ပူေဇာ္ပြဲကို မတ္လ ၉ ရက္ မနက္ ၃ နာရီနဲ႔ စတုတၳအႀကိမ္ပူေဇာ္ပြဲကို မနက္ ၅ နာရီေတြမွာ က်င္းပသြားမွာျဖစ္တယ္လို ဆိုပါတယ္။

ပြဲေတာ္မွာ ဖူးေျမာ္ပူေဇာ္တာေတြနဲ႔အတူ ႏြားနို၊ ေရ၊ ပန္း၊ ဆီမီး၊ သစ္သီးဝလံ စတဲ့ လႉဖြယ္ပစၥည္းေတြနဲ႔ ဆက္ကပ္ လႉဒါန္းၿပီး ညလုံးေပါက္ က်င္းပပူေဇာ္ၾကမွာျဖစ္တယ္လို သိရပါတယ္။

ဘုရားပြဲေတာ္လာ ျပည္သူေတြက မတ္လ ၉ ရက္ မနက္ ၇ နာရီကေန ၁၀ နာရီအထိ သၽွရီ သၽွီဝ က်မ္းေတာ္ျမတ္ ရြတ္ဖတ္ပူေဇာ္တာေတြကို အစီအစဥ္တိုင္း က်င္းပမွာ ျဖစ္ပါတယ္။

အဲဒီေနာက္ မြန္းတည့္ ၁၂ နာရီကေန ညေန ၄ နာရီအထိ အလႉရွင္ေတြက သက္သတ္လြတ္ထမင္းဟင္းလ်ာ ေတြနဲ႔ ပြဲေတာ္လာပရိသတ္ေတြကို ေကၽြးေမြးသြားမွာ ျဖစ္တယ္လို သိရပါတယ္။

အဲဒီလိုပန္းပူေဇာ္ပြဲေတာ္ႀကီးကို နိုင္ငံတစ္ဝန္းရွိ အနယ္နယ္အရပ္ရပ္က ဟိႏၵဴဘုရားေက်ာင္းအသီးသီးမွာ စည္ကားသိုက္ၿမိဳက္စြာ က်င္းပပူေဇာ္ၾကမွာ ျဖစ္တယ္လို သိရပါတယ္။

==========

ပြင်ဦးလွင်တွင် ပန်းပူဇော်ပွဲ ညလုံးပေါက်ကျင်းပမည်

မတ် ၆

ပြင်ဦးလွင်မြို၊ နောင်ခမ်းကြီးရပ်ကွက်ကြီး(၂၀)ရှိ သျှီးနီးလ်ထေရွှရ် သျှီဝဟိန္ဒူဘုရားကျောင်းမှာ ဘုရားကျောင်းဂေါပကအဖွဲက ကြီးမှူးပြီး မတ်လ ၈ ရက်မှာ မဟာသျှီဝရာတြီး ပန်းပူဇော်ပွဲတော်ကြီးကို ညလုံးပေါက်ကျင်းပသွားမှာ ဖြစ်တယ်လို ဘုရားကျောင်းဂေါပကအဖွဲကနေ သိရပါတယ်။

ပန်းပူဇော်ပွဲတော်ရဲ့ မတ်လ ၈ ရက်မှာ ပထမအကြိမ်ပူဇော်ပွဲကို ည ၉ နာရီ၊ ဒုတိယအကြိမ်ပူဇော်ပွဲကို ည ၁၂ နာရီ၊ တတိယအကြိမ်ပူဇော်ပွဲကို မတ်လ ၉ ရက် မနက် ၃ နာရီနဲ့ စတုတ္ထအကြိမ်ပူဇော်ပွဲကို မနက် ၅ နာရီတွေမှာ ကျင်းပသွားမှာဖြစ်တယ်လို ဆိုပါတယ်။

ပွဲတော်မှာ ဖူးမြော်ပူဇော်တာတွေနဲ့အတူ နွားနို၊ ရေ၊ ပန်း၊ ဆီမီး၊ သစ်သီးဝလံ စတဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ ဆက်ကပ် လှူဒါန်းပြီး ညလုံးပေါက် ကျင်းပပူဇော်ကြမှာဖြစ်တယ်လို သိရပါတယ်။

ဘုရားပွဲတော်လာ ပြည်သူတွေက မတ်လ ၉ ရက် မနက် ၇ နာရီကနေ ၁၀ နာရီအထိ သျှရီ သျှီဝ ကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်တာတွေကို အစီအစဉ်တိုင်း ကျင်းပမှာ ဖြစ်ပါတယ်။

အဲဒီနောက် မွန်းတည့် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ အလှူရှင်တွေက သက်သတ်လွတ်ထမင်းဟင်းလျာ တွေနဲ့ ပွဲတော်လာပရိသတ်တွေကို ကျွေးမွေးသွားမှာ ဖြစ်တယ်လို သိရပါတယ်။

အဲဒီလိုပန်းပူဇော်ပွဲတော်ကြီးကို နိုင်ငံတစ်ဝန်းရှိ အနယ်နယ်အရပ်ရပ်က ဟိန္ဒူဘုရားကျောင်းအသီးသီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပူဇော်ကြမှာ ဖြစ်တယ်လို သိရပါတယ်။