Yonex German Open 2024 တြင္ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ သက္ထားသူဇာ

ေဖေဖာ္ဝါရီ ၂၇

ျမန္မာ့ၾကက္ေတာင္ အားကစားမယ္ သက္ထားသူဇာဟာ Yonex German Open 2024 တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ပါတယ္။

အဆိုပါ ၿပိဳင္ပြဲကို ဂ်ာမနီနိုင္ငံတြင္ ေဖေဖာ္ဝါရီလ (၂၇) ရက္မွ မတ္လ (၃) ရက္အထိ က်င္းပသြားမည္ျဖစ္ပါတယ္။

သက္ထားသူဇာက အဆိုပါ ၿပိဳင္ပြဲတြင္ ကမၻာ့အဆင့္သတ္မွတ္ခ်က္အရ (၃၂) ဦးအဆင့္မွ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ရခဲ့ၿပီး ကမၻာ့အဆင့္ (၈၀) ရွိ ျပင္သစ္ ၾကက္ေတာင္မယ္ LéOnice HUET ႏွင့္ ေဖေဖာ္ဝါရီလ (၂၈) ရက္တြင္ ယွဥ္ၿပိဳင္ကစားရမည္ ျဖစ္ပါတယ္။

ကမၻာ့ၾကက္ေတာင္အဖြဲ႕ခ်ဳပ္ လက္ရွိသတ္မွတ္ထားသည့္ အမ်ိဳးသမီးတစ္ဦးခ်င္းအဆင့္တြင္ သက္ထားသူဇာ၏ လက္ရွိကမၻာ့အဆင့္မွာ (၄၂) ျဖစ္ၿပီး 2024 Paris Olympics ကိုဝင္နိုင္ရန္အတြက္ လိုအပ္သည့္ အမွတ္မ်ားစုေဆာင္းနိုင္ရန္ အေကာင္းဆုံးႀကိဳးစားေနေၾကာင္း သိရပါတယ္။

=======

Yonex German Open 2024 တွင်ဝင်ရောက်ယှဉ်ပြိုင်မယ့် သက်ထားသူဇာ

ဖေဖော်ဝါရီ ၂၇

မြန်မာ့ကြက်တောင် အားကစားမယ် သက်ထားသူဇာဟာ Yonex German Open 2024 တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲကို ဂျာမနီနိုင်ငံတွင် ဖေဖော်ဝါရီလ (၂၇) ရက်မှ မတ်လ (၃) ရက်အထိ ကျင်းပသွားမည်ဖြစ်ပါတယ်။

သက်ထားသူဇာက အဆိုပါ ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၈၀) ရှိ ပြင်သစ် ကြက်တောင်မယ် LéOnice HUET နှင့် ဖေဖော်ဝါရီလ (၂၈) ရက်တွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် လက်ရှိသတ်မှတ်ထားသည့် အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်မှာ (၄၂) ဖြစ်ပြီး 2024 Paris Olympics ကိုဝင်နိုင်ရန်အတွက် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိရပါတယ်။