ဂ်ာမနီလက္ေရြးစင္အသင္းကို တာဝန္ယူရန္ နည္းၿပ နာဂယ္စ္မန္း သေဘာတူ

စက္တင္ဘာ ၂၁
နာဂယ္စ္မန္းက ဂ်ာမနီလက္ေရြးစင္အသင္း နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ဖို႔ သေဘာတူလိုက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။ သူဟာ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္ျမဴးနစ္နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနခဲ့ပါတယ္။
နာဂယ္စ္မန္းက ဂ်ာမနီအသင္းမွာ တစ္ႏွစ္ လုပ္ခ ေပါင္ ၁၇ သန္းေလာက္ ရရွိနိုင္ၿပီး မၾကာခင္ရက္ပိုင္းအတြင္းမွာ တရားဝင္စာခ်ဳပ္ ခ်ဳပ္ဆိုသြားဖို႔ရွိပါတယ္။
၂၀၂၄ ယူရိုၿပိဳင္ပြဲကို ဂ်ာမနီနိုင္ငံက အိမ္ရွင္အျဖစ္က်င္းပခ်ိန္အထိ နည္းျပအျဖစ္ တာဝန္ယူဖို႔ နာဂယ္စ္မန္းနဲ႔ ဂ်ာမနီေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ၾကား သေဘာတူညီမႈရရွိထားတယ္လို႔ သိရပါတယ္။

===============================

ဂျာမနီလက်ရွေးစင်အသင်းကို တာဝန်ယူရန် နည်းပြ နာဂယ်စ်မန်း သဘောတူ

စက်တင်ဘာ ၂၁
နာဂယ်စ်မန်းက ဂျာမနီလက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ဖို့ သဘောတူလိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။
နာဂယ်စ်မန်းက ဂျာမနီအသင်းမှာ တစ်နှစ် လုပ်ခ ပေါင် ၁၇ သန်းလောက် ရရှိနိုင်ပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ တရားဝင်စာချုပ် ချုပ်ဆိုသွားဖို့ရှိပါတယ်။
၂၀၂၄ ယူရိုပြိုင်ပွဲကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပချိန်အထိ နည်းပြအဖြစ် တာဝန်ယူဖို့ နာဂယ်စ်မန်းနဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်တို့ကြား သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။