ဘလူးဘယ်ရီသီးရဲ့ အကျိုးအာနိသင်များ

ဘလူးဘယ်ရီသီး (Blueberry)သီးဟာ ခရမ်းရောင်ရင့်ရင့် ရှိတဲ့ အသီးတစ်မျိုးဖြစ်ပြီး သူ့မှာ ပါဝင်တဲ့ အင်သိုဆိုင်ရာနင် (Anthocyanin) ဒြပ်ပေါင်းကြောင့် ခရမ်းရင့်ရောင် ဖြစ်နေရတာပဲဖြစ်ပါတယ်။ အင်သိုဆိုင်ရာနင်ဒြပ်ပေါင်းဟာ ဖလေဗိုနွိုက် (Flavonoid) မျိုးနွယ်ဝင် ဆေးဖက်ဝင် ဒြပ်ပေါင်း တစ်မျိုးဖြစ်တာကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။
ဒါ့ပြင် ဘလူးဘယ်ရီသီးမှာ ဗီတာမင်-စီ၊ ဗီတာမင် ဘီ-၆၊ ဗီတာမင်-အေ၊ ဗီတာမင်-အီး၊ ဗီတာမင်-ကေ ၊ ဇင့်၊ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဖောလိတ်၊သံဓာတ်၊ ဖော့စဖရပ်စ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ မန်းဂနိစ် နှင့် အခြားသော ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိသော ဒြပ်ပေါင်းများလည်းပါဝင်ပါတယ်။
ဘလူးဘယ်ရီသီး (Blueberry)ရဲ့ အကျိုးအာနိသင်တွေကတော့ မှတ်‌ဉာဏ်ကိုကောင်းမွန်စေခြင်း၊ မျက်စိကျန်းမာရေးကိုကောင်းမွန်စေခြင်း၊သွေးပေါင်ကျစေခြင်း၊သွေးတွင်းအချိုဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း၊နှလုံးရောဂါများကို ကာကွယ်ပေးနိုင်ခြင်း၊ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ခြင်း၊ အရိုးကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း၊၊အရေပြားကျန်းမာရေးကို အထောက်အကူပြုနိုင်ခြင်း၊ ကိုယ်အလေးချိန်ကို ကျဆင်းစေခြင်း ကြွက်သားပျက်စီးမှုကို လျော့နည်းစေခြင်း တို့ပဲဖြစ်ပါတယ်။
သွေးကျဲဆေး (Wafarin) သောက်နေရသူများအနေနဲ့ ဘလူးဘယ်ရီသီးကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှစားသင့်သလို G6PD အင်ဇိုင်းချို့တဲ့သူများ (G6PD deficiency ရှိသူများ) အနေနဲ့လည်း ဘလူးဘယ်ရီကို ရှောင်ကြဉ်သင့်ပါတယ်။
အခုတင်ဆက်ပေးခဲ့တဲ့ အကြောင်းအရာကိုတော့ ဒေါက်တာခင်မောင်လွင် (FAME)ရဲ့ကျန်းမာရေးဆိုင်ရာ အကြုံပြုချက်များမှထုတ်နုတ်၍ စံတော်ချိန်ဒစ်ဂျစ်တယ်က စီစဉ်တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
#sdtimedaily