ဒါရိုက်တာ Jordan Peele ရဲ့ ရုပ်ရှင်သစ်ကို ၂၀၂၄ မှာ ရုံတင်ပြသမယ်

◼ နာမည်ကျော် horror ရုပ်ရှင်တွေဖြစ်ကြတဲ့ Get Out, Us နဲ့ Nope တို့ရဲ့ ဒါရိုက်တာ Jordan Peele ဟာ သူ့ရဲ့ ရုပ်ရှင်ကားသစ်အတွက် စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

◼ Jordan Peele ဟာ Nope ရုပ်ရှင်အပြီးမှာ နောက်ထပ်ရုပ်ရှင်ကားတစ်ကားကို သူကိုယ်တိုင် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ နေရာတွေကနေ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပြီး ၂၀၂၄ ခရစ္စမတ်နေ့ (ဒီဇင်ဘာ ၂၅၊ ၂၀၂၄) မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

◼ နာမည်ကျော် sci-fi ရုပ်ရှင်တွေဖြစ်တဲ့ Sonic The Hedgehog 3 နဲ့ Avatar 3 တို့ရဲ့ ရုံတင်ရက်ဟာ ဒီဇင်ဘာ ၂၀၊ ၂၀၂၄ ဖြစ်နေတဲ့အတွက် Jordan Peele ရဲ့ ရုပ်ရှင်သစ်နဲ့ ရက်ပိုင်းသာကွာခြားနေတာကိုတွေ့ရပါတယ်။

◼ Jordan Peele ရဲ့ လေးကားမြောက်အဲဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ရုံတင်ပြသရက်ကလွဲလို့ ကျန်ရှိနေတဲ့ ဇာတ်လမ်း၊ သရုပ်ဆောင် စတဲ့ ဘယ်လိုအကြောင်းအရာကိုမှ တရားဝင်အတည်ပြုထားခြင်းမရှိသေးပါဘူး။

◼ Jordan Peele ရဲ့ ပထမဆုံး horror ရုပ်ရှင် Get Out ဟာ ဝင်ငွေအရရော၊ ရုပ်ရှင်အရပါ အကြီးအကျယ်အောင်မြင်ခဲ့တာဖြစ်ပြီး အော်စကာဆုလေးနေရာအတွက် ဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဒါ့အပြင် Us ရုပ်ရှင်ဟာလည်း ရုံတင်ငွေ ကန်ဒေါ်လာ ၂၂၅ သန်းကျော် ရခဲ့သလို ၂၀၂၂ မှာ ရုံတင်ခဲ့တဲ့ Nope ဟာလည်း ကန်ဒေါ်လာ သန်း ၁၇၀ ကျော် ရခဲ့ပါတယ်။

Ref: Variety

McGarrett