ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးပါတီ မှ (၇၈)နှစ်မြောက်တပ်မတော်နေ့ ဂုဏ်ပြုသောအားဖြင့် တပ်မတော် အရိုးအထူးကု ဆေးရုံကြီး (ခုတင် ၅၀၀)တွင် စုပေါင်းသွေးလှုဒါန်း

မင်္ဂလာဒုံ၊မတ် (၅)

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသော အားဖြင့် သွေးလှုဒါန်းခြင်းအခမ်းအနားကို ယနေ့(၅.၃.၂၀၂၃)တနင်္ဂနွေနေ့ နံနက်(၉:၀၀) နာရီက  တပ်မတော်အရိုးအထူးကုဆေးရုံကြီး(ခုတင် ၅၀၀) တွင်ကျင်းပခဲ့ပါသည်။

သွေးလှုဒါန်းပွဲအခမ်းအနားသို့ တပ်မတော်ဆေးရုံကြီး(ကုတင် ၅၀၀) မှ တပ်မှုး ဗိုလ်ချုပ်ကျော်ဇင်ညွန့် နှင့် တာ၀န်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှုး ဦးအောင်ကျော်မင်း နှင့် တိုင်းပါတီ ကော်မတီ၀င်များ၊ မင်္ဂလာဒုံခရိုင်ပါတီဥက္ကဌ နှင့် ကော်မတီ၀င်များ၊ မြို့နယ်ကော်မတီ ဥက္ကဌနှင့် ကော်မတီ၀င်များ၊ ပါတီ၀င် သွေးလှုရှင်များ တက်ရောက်ခဲ့ကြပြီး သွေးလှုရှင် ( ၅၀ ) ဦး လှုဒါန်းခဲ့ကြောင်း သိရသည်။