ပြည်သူတွေရဲ့ ဆန္ဒအမှန် ၂

ပြည်သူတွေရဲ့ ဆန္ဒအမှန် ၂

၂၀၁၅ အလွန် အထွေထွေရွေးကောက်ပွဲ မှ သောင်ပြိုကမ်းပြိုအနိုင်ရလို့ အစိုးရဖွဲ့တော့ တပ်မတော်အငြိမ်းစား ဗိုလ်ချုပ်ကြီးတစ်ယောက်က NLDနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို မေးခွန်းတစ်ခုမေးခဲ့တယ်..

အဲဒါဘာလဲဆိုတော့ NLDက အစိုးရဖွဲ့တော့ NLD မှာ ဘာ Strategy ရှိလဲလို့ မေးခဲ့ဘူးတယ်…

NLDနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ် အခုထိတော့ ဘာမှမရှိဘူးလို့ ဖြေခဲ့တယ်..

ဟုတ်သလား ကြည့်ရအောင်

အစိုးရဖွဲ့ဘို့ကို တော်တော်လူရှာခဲ့ရတာက စတာဘဲ..

ပထမဦးဆုံး ရက်တစ်ရာ စီမံကိန်းဆိုပြီး ကင်းပွန်းတပ်ပြီး  လူပြိန်းကြိုက် လုပ်ခဲ့တယ်.. အဲဒီ လက်တန်းစီမံကိန်းက အမှိုက်ကောင်ခြင်းကနေ စခဲ့တာဘဲ

အဲဒီလို ၅နှစ်လုံးလုံးဘာတွေလုပ်ခဲ့သလဲ အားလုံးသိတယ် ပြောစရာမလိုဘူး

အဲဒီတော့ ခင်ဗျားရော ဘယ်လိုထင်လဲ NLD အစိုးရဖြစ်တော့ ဘာ Strategy ရှိခဲ့သလဲ? မရှိခဲ့ဘူးလို့ ထင်သလား?

အင်း ကျွန်တော်ပြောရမယ်ဆိုရင် မရှိဘူး ဒါပေမဲ့ ရှိတယ်ဗျ..

မရှိဘူးဆိုတာ တိုင်းပြည်ကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်မလဲဆိုတဲ့ Strategy က မရှိဘူး…

သို့သော် တိုင်းပြည်ကို ဘယ်လိုဖျက်ဆီးမယ်ဆိုတဲ့ Strategy တော့ စနစ်တကျ ချမှတ်ပြီး တစ်ဆင့်ခြင်း အကောင်အထည်ဖော်ခဲ့တာပါ…

ကြည့်ရအောင်လေ 👉

တိုင်းပြည်ကို လိုအပ်ချက်အရ ကာကွယ်ထားတဲ့ ဥပဒေတွေ ပယ်ဖျက်ခဲ့တယ်.. ဘာ ဥပဒေတွေလဲ ?

–  ဧည့်စာရင်းဥပဒေ = အိမ်များတွင်သူခိုး ဓားပြ ဒုစရိုက်သမားများ ခိုအောင်းဘို့ အခွင့်ရေးရ၊

–  နောက်ယောင်​​ခံဥပဒေ = လူဆိုးသူခိုး ဒုစရိုက် သမားများ ကျူးလွန်မှူမှန်သမျှ နောက်ကနေ လိုက်လံ စုံစမ်းခွင့်မရ။

–  နယ်ခြားစောင့်ဥပဒေ = နိုင်ငံခြားသားများ အလွယ်တကူ ပြည်တွင်း ဝင်ရောက်ခွင့်ရ

(အနောက်တံခါးဖွင့်ပေးရန် အဓိက ရည်ရွယ်ပါသည်)

–  အမျိုးဇာတ်ပျက်ယွင်းခြင်းဥပဒေ = လူမျိုးရေး သွေးနှောကိစ္စများအားပေးခဲ့(နိုင်ငံခြားသားများ နှင့်  လက်ထပ်ထိမ်းမြားခြင်းများပိုမို များပြားစေရန် ရည်ရွယ်ခဲ့)

–   မူးယစ်ဆေးဝါးဥပဒေ​ပြစ်ဒဏ်များကို ပြင်ဆင်လျှော့ပေါ့သည့် ဥပဒေ = မူးယစ်ဆေးဝါးသုံးစွဲသူများကို လူမှူရေးပြစ်ဒဏ်သာ လျှော့ပေါ့ပေးခဲ့သဖြင့် လူငယ်များမူးယစ်​သုံးစွဲမှုများပြားလာစေရန်ကြံရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ (ယနေ့ကာလ လူငယ်များ  မူးယစ်ဆေးဝါးသုံးစွဲမှုများပြားလာရာ ဆေးဘိုးရရန် ငွေ ၄သောင်း ၅ သောင်း ကျပ်လောက်ဖြင့် လူသတ်ခြင်း၊pdf  များက မူးယစ်ဆေးသုံးပြီး လူသားမဆန်သော ရက်ရက်စက်စက် ညှင်းဆဲသတ်ဖြတ်မှုများ  ကျူးလွန်နေကြပါသည်)

–   မွေးစားခွင့်ဥပဒေ = ၁၈ နှစ်အောက် နိုင်ငံခြားသားများကို မွေးစာခွင့်ရသဖြင့် နိုင်ငံသားဖြစ်ခွင့်ပေးခဲ့( ဘဂ်လီများ နိုင်ငံသားဖြစ်ခွင့်ရရန် ဖန်တီးရန် အဓိကရည်ရွယ်ပါသည်။)

အပေါ်က ဥပဒေကို ဖျက်ခဲ့တာတွေဟာ သူတို့ရဲ့ တိုင်းဖျက်ပြည်ဖျက်မဲ့ Strategy တွေရဲ့ အခြေခံ အစိတ်အပိုင်းတွေ ဖြစ်ပါတယ် အဲဒီကတည်းက NLD ဟာ စစ်တပ်အာဏာသိမ်းခဲ့ရင် သူတို့ရဲ့ ပြည်ဖျက်စီမံကိန်းအတွက် အဖျက်အမှောင့် လုပ်ဘို့ ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းဘဲဖြစ်ပါတယ်..

သူတို့အုပ်ချုပ်တဲ့ သက်တမ်း ၅ နှစ်အတွင်းမှာ

ရခိုင်အရေးနဲ့ပတ်သက်ပြီး စစ်တပ်ကို ကျုံးသွင်းခဲ့တော့ စစ်တပ်က ဘာမှ မဖြစ်ဘဲ တိုင်းပြည်ဘဲနစ်နာခဲ့ရတယ်.. စစ်တပ်ကို အင်အားချိနဲ့ဘို့၊ ဖျက်သိမ်းပစ်ဘို့ရည်ရွယ်ပြီး လူငယ်ထုအတွင်း ပြည်တွင်း/ပြည်ပ Media တွေကနေ မှိုင်းတိုက်ခဲ့ကြတယ်..

ကိုဗစ် ၁၉ ရောဂါဖြစ်ပွါးနေချိန်မှာ ၂၀၂၀ ရွေးကောက်ပွဲမစမီ မဲဆွယ်ကာလမှာ ကျန်ပါတီများ ကိုဗစ်အကြောင်းပြချက်ဖြင့် မဲဆွယ်ခွင့်တားမြစ်ခဲ့ပြီး NLD ပါတီတစ်ခုတည်းသာ အောင်နိုင်ရေးအတွက် လူစုလူဝေးဖြင့် မဲဆွယ်ခွင့်ရခဲ့ပါတယ်…

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုလုပ်နိုင်ဘို့ ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေကို ကျော်လွန်ပြီး တပ်မတော်က ကန့်ကွက်တဲ့ကြားက ပြည်နယ်/တိုင်းလဝကဝန်ကြီးခန့်ခဲ့တယ်..

၂၀၂၀မှာတော့ ရွေးကောက်ပွဲ မဖြစ်မှာကို NLD က အရမ်းစိုးရိမ်ခဲ့တယ်..

အခုတော့NLD လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်း NUG ပြည်ပြေး လေလှိုင်းအစိုးရက PDF ဆိုတဲ့ အကြမ်းဖက်သမားတွေကို မွေးထုတ်ခဲ့တယ်…

အဲဒီ PDF အကြမ်းဖက်သမားတွေဟာ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အတိုင်း သူတို့ဘက် မလိုက်တဲ့ သူမှန်သမျှကို နှိပ်စက်ညှင်းပမ်း သတ်ဖြတ်နေကြပါတယ်..မသတ်ဖြတ်ခင် အကြမ်းဖက် နှိပ်စက်ညှင်းပမ်းတဲ့နေရာမှာ သာမန် နှိပ်စက်ခြင်းမျိုးမဟုတ်ဘဲ အရှင်လတ်လတ် ခြေဖြတ် လက်ဖြတ် လူးလိမ့်နေအောင် ခံစားစေပြီးမှ သတ်ကြတာပါ.. ဒီလိုဖြစ်လာအောင်လဲ ၅နှစ်တိတိ မှိုင်းသွင်းပြီး မူးယစ်ဆေးဝါးသုံးစွဲတတ်အောင် လေ့ကျင့်ထားပြီးသားပါ..

လေ့ကျင့်ထားတယ်ဆိုတာ ၂၀၁၇ ခုနှစ်က Microsoft Studios က စတင်ဖြန်ချိခဲ့တဲ့ PUBG: Battlegrounds game က စခဲ့တာဘဲ… ဒီ game ကို မြန်မာလူငယ်များအတွင်း ပြန်နှံပြီး ယောကျာ်း၊မိန်းမ မရွေး ဝင်ရောက်ကစားကြပြီး လူငယ်တွေကို လူအချင်းချင်း ဘာရန်ညှိုးမှမရှိဘဲ သေနတ်နဲ့ အလွယ်တကူ ပစ်သတ်တဲ့အလေ့အကျင့် တစ်ခု၊ စစ်တိုက်ချင်တဲ့စိတ်တွေ ကို တဖြေးဖြေးနဲ့ မွေးမြူပေးလိုက်ခဲ့ကြတာပါ..

သာမန်အားဖြင့်တော့ gameကစားတာဘဲ.. ဒါပေမဲ့ နောက်မှာအကျိုးဆက်က လူငယ်တွေမှိုင်းမိပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှာတော့ Generation Z ပေါ်ပေါက်လာတယ်… အခုတော့ အဲဒီ Gen Z တွေဟာ PDF အကြမ်းဖက်သမားတွေအဖြစ် အမြောက်အများ ပေါ်ထွက်လာတာဘဲ ဖြစ်ပါတယ်….

နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာမရှိပါဘူး….

အနောက်နိုင်ငံတွေဟာ ကမ္ဘာကြီးကို လွှမ်းမိုးနိုင်ဘို့ နယ်ပယ်အားလုံးမှာ ငွေကြေးအမြောက်အများအကုန်ကျခံပြီး သုတေသန လုပ်ခဲ့ကြတာဟာ လွန်ခဲ့တယ်ရာစုနှစ်ပေါင်းများစွာကတည်းကပါ..

၁၉ ရာစုတုန်းက မြန်မာတွေ ‘အ’လို့ ကျွန်ဖြစ်ခဲ့တယ်..

အခု ၂၁ ရာစုမှာတော့ မြန်မာတွေ မ’အ’ တော့ဘူး..

အင်း ‘ပိန်း’ သွားကြတာပါ.. ဘာမှမမြင်တော့ဘူး..

ယနေ့ဖြစ်ပျက်နေတဲ့ ဖြစ်စဥ်တွေဟာ လွန်ခဲ့ရာစုနှစ် ပေါင်းများစွာကတည်းက မွတ်ဆလင်ဘာသာရဲ့ ဂျီဟတ် စစ်ပွဲ ဆင်နွဲတဲ့ ပုံစံပါ..

ဂျီဟတ်ကတော့ ဘာသာရေးဂျီဟတ်စစ်ပွဲပါ.. အခု မြန်မာနိုင်ငံမှာက နိုင်ငံရေးဂျီဟတ်စစ်ပွဲပါ..

အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုက မြန်မာ နိုင်ငံကို သူတို့တပ်တွေလွှတ်ပြီး တိုက်စရာမလိုဘဲ မြန်မာတိုင်းရင်းသားအချင်းချင်းတိုက်ခိုင်းတဲ့ Proxy War ဖန်တီးလိုက်တာပါဘဲ..

NLDအစိုးရ အုပ်ချုပ်ခဲ့တဲ့ ၅နှစ်အတွင်း တိုင်းဖျက်ပြည်ဖျက် Strategy က တော်တော်ခရီးရောက်ခဲ့တယ်လို့ ပြောလို့ရတာပေါ့ဗျာ…

၂၀၂၀တုံးက ရွေးကောက်ပွဲပျက်မှာ ကြောက်ခဲ့တဲ့ NLD က အခု ၂၀၂၃မှာ နစက ကရွေးကောက်ပွဲ လုပ်ပေးမယ်ပြောတော့ NLD အမတ်များဖွဲ့ထားတဲ့ NUG ပြည်ပြေးအစိုးရက အကြောက်လွန်ပြီး မွေးထားတဲ့ PDF အကြမ်းဖက်သမားတွေနဲ့ ရွေးကောက်ပွဲဖျက်ဘို့ အကြမ်းဖက်လုပ်ငန်းတွေကို တစိုက်မတ်မတ် လုပ်ဆောင်လာကြတာပါ…

အဲဒီတော့ ၂၀၂၃ ခုနှစ် အထွေးထွေရွေးကောက်ပွဲအလွန်မှာ NLD လို အနောက်အုပ်စုသြဇာခံ ပြည်ဖျက်ပါတီတွေ၊ အစိုးရတွေ မပေါ်ပေါက်လာရေး၊ နေရာ ရမလာရေးဟာ နိုင်ငံသားတိုင်းရဲ့ အမျိုးသားတာဝန်တစ်ရပ်ပါ..

၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲဟာ လက်ရှိကြုံတွေ့နေတဲ့ အခက်အခဲအကြပ်အတည်းရဲ့ တစ်ခုတည်းသောထွက်ပေါက်ပါ.. ရွေးချယ်စရာမရှိဟု ပြည်သူတစ်ယောက်အနေနဲ့ မြင်ပါတယ်..

ရွေးကောက်ပွဲကျင်းပပြီး တိုင်းပြည်အေးချမ်းသာယာစွာနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ရေးဟာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ပါလို့ တင်ပြပါရစေ…

မြန်မာပြည်သူပြည်သားအပေါင်း ကပ်သုံးပါးမှ ကင်းဝေးနိုင်ကြပါစေ….

#PAN