BLACKPINK အဖွဲ့ဝင် Jisoo တစ်ကိုယ်တော်သီချင်းအတွက် ရိုက်ကူးမှုစတင်

BLACKPINK အဖွဲ့ဝင် Jisoo က သူ့ရဲ့ တစ်ကိုယ်တော် သီချင်းဂီတဗီဒီယိုအတွက် နိုင်ငံရပ်ခြားမှာ ရိုက်ကူးမှုတွေ စတင်နေပြီလို့ သူတို့ရဲ့ အေဂျင်စီ YG Entertainment က ပြောကြားပါတယ်။

ရိုက်ကူးရေးနေရာတွေကို အထူးလျှို့ဝှက်ထားပြီး သူတို့အနေနဲ့ BLACKPINK အဖွဲ့ရဲ့ ဗီဒီယိုတွေကို ငွေကြေး ပုံအော သုံးစွဲလေ့ရှိတာကြောင့် Jisoo ရဲ့ ဗီဒီယိုကိုလည်း စောင့်ကြည့်နေသင့်ကြောင်း အေဂျင်စီ က ဆက်ပြောပါတယ်။

BLACKPINK အဖွဲ့က လတ်တလောမှာ “BORN PINK” ဂီတ ခရီးစဉ်အတွက် တစ်ကမ္ဘာလုံးကို လှည့်လည် ဖျော်ဖြေနေပြီး ပရိသတ် ၁ ဒသမ ၅ သန်းအထိကို ဖျော်ဖြေပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်း မြောက်အမေရိကမှာ ၁၄ ပွဲ ၊ ဥရောပမှာ ၁၀ ပွဲ တင်ဆက်ခဲ့ပြီး အာရှက ပရိသတ်တွေကို ဆက်လက်ဖျော်ဖြေဖို့ ပြင်ဆင်နေပါတယ်။

-Ref; All KPop