ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး-ရန်ကုန်တွင် ကလေးနှလုံးအထူးကုဆရာဝန်ကြီးများက မွေးရာပါနှလုံးရောဂါ ဝေဒနာရှင် ကလေးလူနာ ၁၃ ဦးအား ခွဲစိတ်ရန်မလိုဘဲ အောင်မြင်စွာကုသပေးနိုင်ခဲ့

ကျန်းမာရေးဝန်ကြီးဌာန၏ ခုတင်(၅၅၀)ဆံ့က လေးဆေးရုံကြီး-ရန်ကုန် နှလုံးကုသဆောင်၌ ပါ မောက္ခဒေါက်တာ ခင်မောင်ဦး၊ပါမောက္ခ(ကလေးနှလုံး)ဦးဆောင်သည့် ကလေးနှလုံးရောဂါအထူးကုဆရာဝန်များသည် ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၊ Children Hospital(1)မှ ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin နှင့်ပူးပေါင်း၍ ကုသပေးခဲ့ကြခြင်းဖြစ်သည်။

မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ခွဲစိတ်ရန်မလိုဘဲ နှလုံးပိုက်သွင်းစမ်းသပ်ကုသစက် (Cardiac Catheterization Laboratory)ဘောလုံးဖြင့်ချဲ့၍ကုသခြင်း၊ အဆို့ဖြင့်ပိတ်၍ ကုသခြင်းများအားပြုလုပ်ခဲ့ကြပြီး မွေးရာပါ နှလုံးရောဂါရှင် ကလေးလူနာ ၁၃ ဦးအား အောင်မြင်စွာကုသပေးခဲ့ကြသည်။

ထို့ပြင် ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin သည် ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးဆေးကုသဆောင်၌ ကလေးနှ လုံးအထူးကုဆရာဝန်များနှင့်အတူ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၁ ရက်မှအောက်တိုဘာ ၁၂ ရက်အထိ ပြင်ပကလေးလူနာ ၂၆၃၇၀ ဦးအားကြည့်ရှုစစ် ဆေးကုသပေးခဲ့သည်။

နှလုံးပုံရိပ်ဖော်စက်ဖြင့်ကုသမှု (Echocardiogram)ဖြင့် ကလေးလူနာ ၁၄၅၂ ဦး၊  နှလုံးပိုက်သွင်း၍ကုသမှု(Cardiac Catheterization Procedure)ဖြင့် ကလေးနှလုံးလူနာ ၆၇ ဦးတို့အား ကုသမှုများပြုလုပ်ပေးခဲ့သည်။

ကလေးနှလုံးရောဂါကုသခြင်းများကို ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးဆေး ကုသဆောင်တွင် ကလေးနှလုံးအထူးကုဆရာဝန်များကိုယ်တိုင်၊ နိုင်ငံခြားမှကျွမ်းကျင် ကလေးနှ လုံးအထူးကုဆရာဝန်များအား ဖိတ်ခေါ်ကုသခြင်းများအား ပြုလုပ်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ဩဂုတ် လမှယနေ့အထိ နှလုံးရောဂါဝေဒနာရှင် ကလေးလူနာ ၁၃၉၀ ဦးအား အောင်မြင်စွာကုသနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ source: popularnews