ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦး လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ

 

ဘားအံ အောက်တိုဘာ

ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမြင့်ဦးသည် လှိုင်းဘွဲ့မြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြတ်စိမ်းလိုက်ပါ၍ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲမှ ၃ နာရီခွဲထိ လှိုင်းဘွဲ့မြို့နယ် အင်းနို့သိပံ္ပ ကျေးရွာရှိ ဒေါ်နန်း ဆစီမူး နေအိမ်တွင် ပါတီဝင်များ၊ မဲဆန္ဒရှင်ပြည် သူများနှင့် တွေ့ဆုံခဲ့သည်။

ညနေ ၄ နာရီတွင် ပါရမီဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း ဆရာတော်အား သွားရောက်ဖူးမြော် ခဲ့ပါသည်။ ယမန်နေ့ မွန်းလွဲ ၃ နာရီကလည်း ဘားအံမြို့နယ် မုက္ကဒိကျေးရွာရှိ ပြည်သူများအား ဘားအံမြို့နယ်မှ ကိုယ်စားလှယ်လောင်းများဖြစ်သော ဦးအောင်လွင်၊ ဦးဝင်းတင်၊ ဒေါ်နန်းနီနီအေးတို့နှင့်အတူ သွားရောက်တွေ့ဆုံ ခဲ့ကြောင်း သိရသည်။ခင်နီနီအောင်