ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဝါဆိုသင်္ကန်းဆက်ကပ် တပ်မတော်အခမဲ့ ဆေးကုသရာသို့ သွားရောက် ကြည့်ရှု့အားပေး

 

ရန်ကုန် သြဂုတ်လ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သီရိပျံချီဦးခင်မောင်စိုးနှင့် ဇနီး ဒေါ်နီနီ မိသားစုက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာ သာသနာ့ရိပ်သာ ကျောင်းတိုက် (မဟာစည်ဌာနခွဲ) တွင် ယမန်နေ့ နံနက် ၁ဝနာရီက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။

လှူဒါန်းရာသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့်အတူ တိုင်းဒေသကြီးပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးခင်မောင်တင့်၊ ဒေါ်မိုးမိုးအိ၊ လှည်းကူးမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် ပါတီကော်မတီဝင်များ လိုက်ပါလှူဒါန်း ခဲ့ကြသည်။

ဆက်လက်၍ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးခင်မောင်စိုးသည် နံနက် ၁ဝ နာရီခွဲမှ ညနေ ၄ နာရီအထိ အဆိုပါ ကျောင်းတိုက်တွင် တပ်မတော်နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ဗိုလ်ကြီးပိုင်စိုးသူ (အရိုးပါရဂူ) ဗိုလ်ကြီးမျိုးသူအောင် (ဆေးကုသမှုပါရဂူ) ဗိုလ်ကြီးသိန်းထွန်းအောင်(အထွေထွေရော ဂါကု)တို့မှ ဦးဆောင်၍ ပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုများကို အခမဲ့ဆောင်ရွက် ပေးနေမှုများအား သံချပ်ကာ တပ်မမှူး ဗိုလ်မှူးချုပ်ခင်မောင်ဦးနှင့်အတူ ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။