(၇၃) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ ဂုဏ်ပြုကြိုဆို

 

မေ ၅၊ ပြည်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကျင်းပပြုလုပ်သော ၇၃ နှစ်မြောက် မီးသတ် တပ်ဖွဲ့နေ့ အခမ်းအနားအား ၅-၅-၂၀၁၉ ရက်နေ့ နံနက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်း တက်ရောက်ဂုဏ်ပြု ကြိုဆိုခဲ့ကြပါသည်။

အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းပါတီကော်မတီဝင်များ၊ ပြည်ခရိုင်/သာယာဝတီခရိုင် ပါတီကော်မတီဝင်များ၊ ပဲခူးအနောက်ရှိ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ကော်မတီဝင်များ၊ ပါတီဝင်များမှ စစ်ကြောင်းပုံစံဖြင့် ချီတက်လာသော မြန်မမာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုပန်းကုံးများ ချီးမြှင့်၍ကြိုဆို ခဲ့ကြပါသည်။