ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ မြစ်ကြီးနားမြို့သို့ရောက်ရှိ

 

မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သိုရောက်ရှိခဲ့ရာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသားလူမျိုးများမှ ရင်နှီးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

၎င်းနောက်ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များသည် နေ့လည် ၂ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဓမ္မရက္ခိတဝန်းသိုကျာင်း၌ ဦးစန္ဒာဝရာဘိဝံသ ခေမာသီဝံပရိယတ္တိစာသင်တိုက် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်နှင့် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို၍ ဘုရားကန်တော့၍ဖွင့်လှစ်ခဲ့ပြီး ငါးပါးသီလခံယူဆောက်တည်ခဲ့ပြီး ကြွရောက်လာခဲ့ကြသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဗဟိုအလုပ်အမှုဆောင်များသည် နေ့လည် ၃ နာရီ ၃၀ ချိန်တွင် ဝိုင်းမော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီခန်းမတွင် မြစ်ကြီးနား ခရိုင်နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီအဆင့်ဆင့်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် ပထမဦးစွာ နိုင်ငံတော်သီချင်းအလံအားအလေးပြု၍ နိုင်ငံတော်သီချင်းအားသီဆိုဖွင့်လှစ်ကာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် သက်ဆိုင်ရာတာဝန်ရှိသူများမှ မိမိတို့ခရိုင်၊ မြို့နယ်များရှိ ပါတီအခြေအနေများရှင်းလင်းတင်ပြခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ၊ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များအား ဖြည့်စွက်အမှာစကားပြောကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်စိုး၊ ကချင်ပြည်နယ်တာဝန်ခံ ဒေါက်တာ အောင်မြတ်ဦး၊ ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့်၊ မြစ်ကြီးနား ခရိုင်/မြို့နယ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် ပါတီဝင်များ အင်အား ၁၅၀ ဦးတက်ရောက်ခဲ့ကြသည်။