ကောလင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဇန်နဝါရီ ၁၃

ကောလင်းမြို့ မင်းတဲကြီး ရပ်ကွက်နေ ပြည်ခိုင်ဖြိုးပါတီရပ်ကျေး ဥက္ကဋ္ဌ ဦးဇော်မိုးနိုင် နေအိမ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။

ထိုဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီရုံးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ၊ သတင်းမီဒီယာများ စုစုပေါင်းအင်အား ၂ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ကျော်လွင်ဦး(ကောလင်း)