ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊ ဇွန် ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရှိ သင်တန်းခမ်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန် ကျင်းပ ပြုလုပ်သည့် နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြသင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟို အတွင်းရေးမှူးများ၊ ဗဟိုအလုပ်မှုဆောင်များ၊ ဗဟိုကော်မတီဝင်များတက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းအား တိုင်းနှင့်ပြည်နယ်များမှ သင်တန်းသားဦးရေ ၁၁၁ ဦးဖြင့် ရက်သတ္တပတ် ၃ ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။