အနာဂတ်၏ အမျိုးသားရေးအင်အားသစ်များ မာန်ဝင့်ချိန်မှ ကောက်နုတ်ဖော်ပြ

 

ပြည်ခိုင်ဖြိုးပါတီသည် ရည်မှန်းချက်၊ ယုံ ကြည်ချက်၊ ပါတီ၏သန္နိဋ္ဌာန် ၊ပါတီ၏မူဝါဒများ၊ ပါတီ၏လုပ်ငန်းစဉ်များ၊ ပါတီ၏သဘောထား စသည်ဖြင့် ပါတီစတင်ဖွဲ့စည်းခဲ့စဉ်ကပင် ချမှတ် ဆောင်ရွက်သည်။ ယခုတစ်မျိုး၊ နောင်တစ်မျိုး ချမှတ်ဆောင်ရွက်ခြင်းမရှိ။ မူကိုမပြင်ပေ။ ဤသို့ ဖြင့် ၂ဝ၁ဝပြည့်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူတို့၏ထောက်ခံအားပေးမှုဖြင့် ဒီမိုကရေစီနိုင်ငံတော်ကြီးကို ပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့သည်။ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီဖော်ဆောင်မှုကို ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်ခဲ့သည်။
ယင်းနှင့်ဆက်စပ်ပြီး ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်ပြီး ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်များမှ မြို့နယ်ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ နှင့်တွေ့စဉ် ပါတီဥက္ကဋ္ဌ၏ အောက်ပါထည့်သွင်း ပြောကြားချက်အချို့ကို သတိပြုမိပါသည်။
”အဲဒီတော့ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဦးစားပေးလုပ်ရမယ့်အလုပ်က အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဒုတိယလုပ်ရမယ့်အလုပ်က လူ့အခွင့်အရေး၊ နောက်အရေးကြီးတဲ့တိုင်းပြည်ရဲ့လုံခြုံရေး၊ လူပုဂ္ဂိုလ်တွေရဲ့ ကြီးပွားတိုးတက်ရေး အဲဒါတွေ လုပ်ရမယ်။ ဒါတွေဟာ ဒီနေ့ပါတီရဲ့ရှေ့တန်းက လုပ်ရမယ့်အလုပ်တွေ။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ သတင်းစကားပဲပြောပြော၊ ယုံကြည်ပါ။ ဟော ဒီတိုင်းပြည်မှာ ဒီမိုကရေစီကို ပထမဆုံး လမ်းဖောက်ပေးလိုက်တာ ကျွန်တော်တို့အစိုးရပါ”
ဤသည်မှာ မြို့နယ်သုံးခုမှပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဉ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၏ ပြောကြားချက်ဖြစ်သည်။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းကလည်း နှုတ်ခွန်းဆက်စကား ပြောကြားရာမှာ ”လွတ်လပ်ရေးရပြီးနောက်ပိုင်း နိုင်ငံကို ဦးဆောင်တဲ့အစိုးရတွေအားလုံးဟာ နိုင်ငံကိုဖျက်လိုဖျက်ဆီးဆောင်ရွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ကိုယ့်နိုင်ငံသူနိုင်ငံသား တွေအားလုံးက ဖွံ့ဖြိုးတိုးတက်ဖို့၊ ချမ်းသာဖို့၊ ကမ္ဘာကိုရင်ပေါင်တန်းနိုင်မယ့်နိုင်ငံတစ်နိုင်ငံ ဖြစ် မြောက်ဖို့ရည်ရွယ်ပြီးတော့ ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ ကြိုးစားခဲ့တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ပါ တယ်။ ဒီလိုပဲ ကျွန်တော်တို့ ၂ဝ၁ဝ ကိုရောက်တဲ့အခါမှာ နိုင်ငံအသီးသီးက ဒီမိုကရေစီစနစ်ကို သွားနေကြပြီဆိုတဲ့အခါ တို့နိုင်ငံလည်း ဒီမိုကရေစီ စနစ်ကို သွားဖို့ဖြစ်တည်လာတဲ့အခါမှာ အချိန်နဲ့ တစ်ပြိုင်တည်း ကျွန်တော်တို့လည်း ဒီမိုကရေစီကို ပြောင်းကြတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည် သူလူထုက ထောက်ခံတဲ့အတွက် အာဏာရပါတီ ဖြစ်လာတယ်။ အစိုးရဖွဲ့တယ်။ အစိုးရကတစ်ဆင့် ကိုယ့်ကိုမဲပေးခဲ့တဲ့ပြည်သူကို ပြန်ပြီးတော့ လုပ် ကိုင်ဆောင်ရွက်ပေးခဲ့တာ အသိပါ။ ဒါပေမဲ့ တစ် ဖက်က နှစ်ပေါင်းငါးဆယ်လောက်အထိ၊ ခြောက် ဆယ်လောက်အထိဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုတော့ ဒါကိုသေချာစဉ်းစားတဲ့လူတိုင်း သိမှာပါ”
”ဘယ်လောက်နေဘယ်လောက်ထိတိုးတက် လာတယ်။ ဆုတ်ယုတ်လာတယ်ဆိုတာကို သိကြမှာပါ။ ရှည်ရှည်မကြည့်ဘဲ ကိုယ့်နယ်မြေ၊ ကိုယ့် ဒေသကို ပြန်ကြည့်ရင် ပေါ်ပါတယ်။ အရင်တုန်းက သွားရေးလာရေး အခုဆိုလို့ရှိရင် လွယ်လွယ်ကူကူနဲ့ သွားနိုင်တယ်။ လာနိုင်တယ်။ ဒါတွေဟာ နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်မယ့်အခြေခံအဆောက် အအုံတစ်ခုဖြစ်ပါတယ်။ ဒါတွေအားလုံးကို နိုင်ငံ အကြီးအကဲတွေကစိတ်ရင်းစေတနာနဲ့တည်ဆောက် ပေးခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်”
”အခုပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဒါလေး တွေစဉ်းစားပြီးရွေးပေးရမယ်။ အပြောကောင်းကို ကြည့်ပြီး နေ့ချင်းပဲ ကားတွေစီးရမလား၊ တိုက် တွေဆောက်ရမလားဆိုပြီး ရွေးလိုက်တာ…” စသည်ဖြင့် ပြောခဲ့သည်။
ယနေ့ကာလတွင် ပြည်ခိုင်ဖြိုးပါတီသည် ခေါင်းဆောင်မှုအသစ်၊လုပ်နည်းလုပ်ဟန်အသစ်၊ စဉ်းစားတွေးခေါ်မှုအသစ်များဖြင့် ပြည်သူလူထု အကျိုးစီးပွားတိုးတက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေချိန်ဖြစ်သည်ကိုတွေ့ရသည်။ လူငယ် လူရွယ်တို့၏ ခွန်အားမပါဘဲလျက် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေး မအောင်မြင်နိုင်ပါ။ ထို့ ကြောင့် အိုမင်းလာသည့် လူကြီးများ၏နေရာတွင် တာဝန်များကိုထမ်းဆောင်ရန် အလှည့်ကျလာကြ သည့် နုပျိုလန်းဆန်းသော လူငယ်တို့ မာန်ဝင့်ချိန်၊ လူငယ်များက နေရာယူရမှာ ရှောင်လွှဲ၍ မရသော သဘောဖြစ်ပါသည်။