လီဗာပူးအသင်းကို ယူအီးအက်ဖ်အေစွဲချက်တင်

ဥရောပဘောလုံးအဖွဲ့ချုပ်ယူအီးအက်ဖ်အေက မန်စီးတီးအသင်း၏ ဘတ်စ်ကား တိုက်ခိုက်ခံခဲ့ရသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး လီဗာပူးအသင်းကို စွဲချက်တင်လိုက်သည်။

လီဗာပူးပရိသတ်များမှာ မန်စီးတီးနှင့် ပွဲမတိုင်မီတွင် မန်စီးတီးအသင်းစီးနင်းလာသည့် ဘတ်စ်ကားကို အရာဝတ္ထုများ၊ ပုလင်းများနှင့် ပစ်ပေါက်သွားခဲ့ကြပြီး မီးပမ်းများနှင့်ပစ်ဖောက်ကာ လူအုပ်ကြီးဖြင့် ဘတ်စ်ကားကို ၀ိုင်းအုံတိုက်ခိုက် သွားခဲ့ကြသည်။

အဆိုပါဖြစ်ရပ်က ယူအီအက်ဖ်အေ၏ စည်းကမ်းပိုင်းဆိုင်ရာ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ရာရောက်ခဲ့သည်။ ထို့အတွက် ယူအီးအက်ဖ်အေက လီဗာပူးအသင်းကို စွဲချက်တင်လိုက်ပြီး လီဗာပူးအနေဖြင့် အန်းဖီးကွင်း တစ်စိပ်တစ်ပိုင်း ပိတ်ပင်ခံရနိုင်သည့် ပစ်ဒဏ်မျိုးချမှတ်ခံရဖွယ်ရှိနေသည်။

-Ref; Sky sports