ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာမှ မြို့ပေါ်ရပ်ကွက်များအား သွေးလွန်တုပ်ကွေး မဖြစ်ပွား စေရန် ခြင်ဆေးဖျန်းခြင်းများ ပြုလုပ်ဆောင်ရွက်

ကျောက်ကြီး စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ နံနက် ၈နာရီမှ ဆားတန်း ရပ်ကွက် ပဲခူးရပ်ကွက် လူနေအိမ်နှင့်ခြုံနွယ်ထူထပ်ပြီး ခြင်ခိုအောင်နိုင်သည့် နေရာများအား ခြင်းဆေး ဖြန်းခြင်း ရောဂါပိုးကူးစက်မှု မပြန့်ပွားစေရန် လမ်းဘေးဝဲယာ ထုံးဖြူးခြင်းများအား မြို့နယ်ပါတီလူငယ် ရေးရာတာဝန်ခံ ဦးထွန်းမင်းလတ်နှင့် အမျိုးသမီးတာဝန်ခံ ဒေါ်နုနုစိန်တို့မှ ဆောင်ရွက်ခဲ့ကြပြီး အကျိုးပြု လုပ်ဆောင်နေမှုအား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှဖုန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဟံသာဝင်း (ခ) ဦးသူရိန်နိုင်တို့ ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။ခိုင်ကြီး(ကျောက်ကြီး)

Read more

ရေးမြို့နယ်ပြည်ခိုင်ဖြိုး ပါတီအောင်နိုင်ရေးဗွီနိုင်းဘုတ်စိုက်ထူ

အောက်တိုဘာ၊ ၁၄
မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ အောင်နိုင်ရေး ဗွီနိုင်း ဆိုင်းဘုတ်ကို ရန်ကြီးအောင်ရပ်ကွက် ပြည်သူ့ရင်ပြင်တွင် စိုက်ထူခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မဲဆန္ဒ နယ်မြေ အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်သူရမှ အမွှေးနံသာရည်များ ပတ်ဖြန်းကာ အောင်နိုင်ရေး ဗွီနိုင်းဘုတ်ကို စိုက်ထူခဲ့သည်။Usdp mon state

Read more

Covid-19 ဥပဒေနှင့်အညီ ပြည်သူများ၏ ကျန်းမားရေးကို အလေးထားပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျူချောင် ကျေးရွာသို့ မဲဆွယ်စည်းရုံး

ကျိုက်ထို၊ အောက်တိုဘာ ၁၄
ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယမန်နေ့ မနက် ၈ နာရီ အချိန်မှ စတင်ပြီး ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျူချောင်ကျေးရွာသို့ COVID-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း Door to Door လက်ကမ်းစာစောင်များ ဝေငှ၍ ကျေးရွာ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုးဝင်း၊ ပြည်နယ်လွှတ်တော် အမှတ် (၁) ကိုယ်စားလှယ်လောင်း ဦးဌေးလွင်၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ phyo wai san

Read more

ဘီးလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အောင်နိုင်ရေးဗွီနိုင်းဘုတ်များစိုက်ထူခြင်းနှင့် ( Door to Door ) ဆောင်ရွက်

ဘီးလင်း ၊ အောက်တိုဘာ ( ၁၄ )
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူလွှတ်တော် ကိုယ်စားလှယ် လောင်း ဦးစိုးမင်းစမ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်ဆွေ၊ ပြည်နယ်လွှတ်တော်အမှတ် ( ၁ ) မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဆန်းထွန်းဦးတို့သည် ယမန်နေ့ နံနက် ( ၁၀ ) နာရီက ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ်ကွက်၊ ရွာတန်းရှည်ရပ်ကွက်နှင့် ရွာတန်းတိုရပ်ကွက်တို့တွင် ပါတီ အောင်နိုင်ရေး ဗွီနိုင်းပိုစတာများ စိုက်ထူ၍ ရပ်ကွက်နေပြည်သူများထံသို့ ပါတီဝန်းရံသူများမှ COVID- 19 ရောဂါ စည်းကမ်းချက်များနှင့်အညီ ကိုယ်စားလှယ်လောင်းများ၏ ပန်းဖလက်များအား မဲဆန္ဒရှင်ပြည်သူများထံသို့ ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။Usdp mon state

Read more

ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများ ဆောင်ရွက်

 

အောက်တိုဘာ၊ရန်ကုန်
ဒဂုံဆိပ်ကမ်းပြည်ခိုင်ဖြိုးပါတီမှ အမှတ် (၆၀) ရပ်ကွက်အတွင်းရှိ လမ်းများအားလုံးကို နံနက် ၈ နာရီမှ စတင်၍ Covid-19 ရောဂါကြိုတင်ကာကွယ်နိုင်ရန်အတွက် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများအား ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီကိုယ်စားပြု ရွေးချယ်ခံမည့် ကိုယ်စားလှယ် ၄ ဦး စီစဉ်ပေးမှု့ဖြင့် ပိုးသတ်ဆေးဖြန်းခြင်းအား ဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။
အဆိုပါ ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းအား ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဥက္ကဋ္ဌ တောင်းဆိုမှု့ဖြင့် ရပ်ကွက် ပါတီကော်မတီဝင်များနှင့်အတူ ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မူ့ လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြပြီး ကျန်ရှိနေသော ရပ်ကွင်များသို့ အလှည့်ကျ ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုယ်စားလှယ် လောင်း ၄ ဦးမှ ပြောကြားခဲ့ပါသည်။
Union Solidarity and Development Party – Yangon Region

Read more

ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအလံပါ မိုးပျံပူပေါင်း လွှင့်တင်

အောက်တိုဘာ၊ရန်ကုန်
ရွှေပြည်သာ ပြည်ခိုင်ဖြိုးပါတီမှ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေး အလံပါမိုးပျံပူပေါင်းအား ယနေ့တွင် လွှင့်တင်ခဲ့ပါသည်။
အဆိုပါ လွှင့်တင်ခြင်းအခမ်းအနားသို့ ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကိုယ်စားလှယ် လောင်းများနှင့် ရပ်ကွက်ပါတီကော်မတီဝင်များ၊ စတားကောင်းထက်နှင့် အဖွဲ့မှလည်း ပူပေါင်းပါဝင်ဆင်နွှဲ လာရောက်ဝန်းရံ အားပေးခဲ့ကြပါသည်။ဘိုတေ(ရျွှေပည်သာ)


Read more

အောင်လံမြို့နယ် ပရဟိတ (၄) ဖွဲ့ထံသို့ ပြည်ခိုင်ဖြိုးပါတီမှ တစ်ဖွဲ့လျှင် Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူ ဖြစ်စေသည့် ပစ္စည်း (၅) မျိုးနှင့် ငွေငါးသောင်းကျပ်နှင့် ညီမျှသော စက်သုံးဆီ ထုတ်ယူခွင့်ကတ်များ ပေးအပ်လှူဒါန်းမှု့ ပြုလုပ်

 

အောက် ၁၃၊ အောင်လံ

Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ မိဘပြည်သူများနှင့် တွေ့ဆုံ

 

မိုးညှင်း။‌အောက်တိုဘာ

မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမှတ် (၇) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်‌ လောင်း ဦးစိန်ဝင်းထွန်း အမှတ် (၁) ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်‌လောင်း ဦးစိုးဝင်း မြို့နယ်ကော်မတီဝင် ဦးခိုင်ဇော်ထွန်း ဦးဇော်ဝင်း ဦးစံကျော် ‌ဒေါ်စန်းဝင်း လူငယ် (ဒု) ခေါင်းဆောင်မစိုးဟေမာ၊ မဝေဝေအောင် နှင့်ရပ်ကျေး ပါတီကော်မတီများလိုက်ပါလျက် ယမန်နေ့ နံနက် ၉ နာရီမှ နေ့လည် (၂) နာရီအထိ ရွာသစ်ကုန်းအုပ်စု ထန်းတပင်‌ကျေးရွာ ‌နောင်စွန်းရပ်ကွက်ရှိ‌ မိဘပြည်သူများထံသို့ သွားရောက်တွေ့ဆုံခဲ့ပြီး မဲ့ထည့်ပုံ မဲထည့်နည်းနည်း စနစ်များကို ရှင်းလင်းတင်ပြ ခဲ့ကြသည်။

Read more

ကရင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစောမြင့်ဦး ဘားအံမြို့ပေါ်ရပ်ကွက်များတွင် Covid-19 ရောဂါ ကာကွယ်ရေးအတွက် Lock Down ချထားသော အိမ်ထောင်စုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ ပေးအပ်

 

အောက်တိုဘာ ၁၄

Read more

ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများသို့ Covid-19 ဥပဒေနှင့်အညီ ပြည်သူများ၏ ကျန်းမားရေးကို အလေးထားပြီး မဲဆွယ်စည်းရုံး

 

ညောင်လေးပင်၊ အောက်တိုဘာ ၁၃

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယမန်နေ့ မနက် ၈ နာရီ အချိန်မှ စတင်ပြီး ညောင်လေးပင်မြို့နယ် အတွင်းရှိ စစ်ကုန်း၊ နှင်းဝိ-သံတံတား၊ ကဒါးကျေးရွာများသို့ COVID-19 ဥပဒေနှင့်အညီ တစ်အိမ်တက်ဆင်း Door to Door လက်ကမ်းစာစောင်များ ဝေငှ၍ ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ စည်းရုံးရေး ဆင်းခဲ့ကြသည်။ မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးညွန့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်စိုး၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။ Waiyan

Read more