ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေး

 

ပြည်ထောင်စုနယ်မြေ နေပြည် တော်တပ်ကုန်းမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးသို့ ဒီဇင်ဘာ (၅) ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးဝေလွင်နှင့်အဖွဲ့ ရောက်ရှိလာပြီး တပ်ကုန်းမြို့နယ်ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးမည့် နေရာအား လာရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရန်အတွက် မြေနေရာ၊ ရေ၊ လျှပ်စစ်၊ဧည့်ခံကျွေးမွေးရေး၊ ပြည်သူများနားနေရန် နေရာ၊ ဆေးဝါးကုသ ရန်နေရာ၊ ကျန်းမာရေးစစ်ဆေးပေးမည့်နေရာ စသည့်တို့အတွက် အဆင်ပြေလုံလောက်မှု ရှိမရှိ လာရောက် စစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

တပ်ကုန်းမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝင်းအတွင်း၌ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ရန်အတွက် နေရာသတ်မှတ်ခြင်း၊ ရေ၊မီးစသည်တို့ ရရှိ အဆင်ပြေ ရေးအတွက် ဆောင်ရွက်ထားမှုကို ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင် နှင့်အဖွဲ့က လိုက်လံစစ်ဆေးရာ တပ်ကုန်းမြို့နယ်ဥက္ကဋ္ဌဦးသန်းဇော် မြင့်က လိုက်လံပြသခဲ့ပြီး ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းစီမံချက် ကို ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူး ဦးဌေးဝင်းက ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ပေါ်ဦး(နေပြည်တော်)


Leave a Reply