ပြည်ခိုင်ဖြိုးပါတီဌာနချုပ် မိသားစုဝင်များ စုပေါင်းကထိန် ပဒေသာပင်များ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် မိသားစုဝင်များ ပြုလုပ်သည့် စုပေါင်းကထိန် ပဒေသာပင်များ လှူဒါန်းပွဲကို နိုဝင်ဘာ (၁၂) ရက်နှင့် (၁၃) ရက်နေ့တို့တွင် ပါတီ ဌာနချုပ်နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

hq


အဆိုပါပဒေသာပင်များလှူဒါန်းပွဲကို နိုဝင်ဘာ (၁၂) ရက်နေ့က တန်ဖိုးငွေကျပ် ၄၆၉၆၃ဝတန် ကထိန်ပဒေသာ ပင်အား (၃၆) ကြိမ်မြောက် လယ်ဝေးမြို့နယ်လုံးဆိုင်ရာ မဟာ ဘုံကထိန်သို့လည်းကောင်း၊ နိုဝင်ဘာ (၁၃) ရက် တွင် တန်ဖိုးငွေကျပ် ၄၆၉ဝဝဝ တန် ကထိန်ပဒေသာပင် နှစ်ခုအား လယ်ဝေးမြို့နယ် မန်ကျည်းကုန်း ဘုန်းတော် ကြီးကျောင်းတိုက်နှင့် ရန်အောင်မြင်ထန်းတောကျောင်းတိုက်သို့လည်းကောင်း၊ ပါတီဌာနချုပ် ဦးစီးရုံး အဖွဲ့ဝင်များ လိုက်ပါ၍ စည်ကားသိုက်မြိုက်စွာ သွားရောက်ပို့ဆောင်လှူဒါန်းခဲ့ကြပြီး ဆရာတော်များ ဟောကြားသည့် ရေစက်ချ အနုမောဒနာတရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းကထိန်ပဒေသာပင်များ လှူဒါန်းပွဲသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဌာနချုပ် မိသားစုဝင်များ၏ တတိယအကြိမ်မြောက် လှူဒါန်းပွဲဖြစ်ကြောင်း သိရသည်။


Leave a Reply