အချမ်းသာဆုံး ၃၀ နှစ်အောက် ဗြိတိန်ကြယ်ပွင့်အဖြစ် သတ်မှတ်ခံရတဲ့ အဒဲလ်

သူမရဲ့ချမ်းသာကြွယ်ဝမှုက မနှစ်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ပါတယ်။ အဒဲလ်ရဲ့ ပိုင်ဆိုင်မှုဟာ ပေါင် ၉၂ သန်း (ဒေါ်လာ ၁၁၄ သန်းကျော်) ရှိပြီး မနှစ်က သူမရဲ့ပိုင်ဆိုင်မှုက ပေါင် ၃၈.၁ သန်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။

images

Heat မဂ္ဂဇင်းရဲ့ နှစ်စဉ် တွက်ချက်မှုစာရင်းမှာ Harry Potter မင်းသား ဒန်နီရယ်ရက်ကလစ်ဖ်က ပေါင် ၇၄ သန်းနဲ့ ဒုတိယအချမ်းသာဆုံးအဖြစ်ရှိကာ အဆိုတော် အက်ဒ်ရှီရန်ကတော့ ပေါင် ၄၅ သန်းနဲ့ တတိယနေရာမှာ ရှိနေ ပါတယ်။

ပိုင်ဆိုင်မှု ပေါင် ၃၈ သန်းရှိတဲ့ One Direction အဆိုတော်ဟောင်း ဇေးမောလစ်ခ်ကတော့ ကျန်အဖွဲ့သား တွေထက် ချမ်းသာကာ အက်ဒ်ရှီရန်ပြီးရင် အချမ်းသာဆုံးအဖြစ် သတ်မှတ်ခံရပါတယ်။

ဇေးမောလစ်ခ်ပြီးမှ ပဉ္စမနေရာမှာ ဟယ်ရီစတိုင် (ပေါင် ၃၇ သန်း) ရှိနေပြီးမှ ကျန်တဲ့ အဖွဲ့သားတွေဟာ ပိုင်ဆိုင်မှု တစ်သန်းခန့်ကွာဟမှုတွေနဲ့ အစဉ်လိုက်ရှိနေပါတယ်။

One Direction အဖွဲ့က ပြိုကွဲသွားပေမဲ့ အချမ်းသာဆုံး ၁၀ ဦးစာရင်းမှာ ပါဝင်နိုင်တာ အံ့သြစရာဖြစ်ပြီး သူတို့ရဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်လာခဲ့ပြီးရင်တော့ သူတို့ရဲ့အဆင့်တွေ ဘယ်လောက်ရောက်လာမယ်ဆိုတာကို နောက်နှစ်မှာ မြင်တွေ့ရဦးမှာပါ။

# Duwun


Leave a Reply