အရှုပ်အရှင်း

 

* သွေဖည်သနော် အတွေးအခေါ် ရမ်းပါဘိ
အမေကျော် ဒွေးတော်လွမ်းလိုက်ပုံက
ကမ်းကုန်အောင်ရှိပါ့ကွယ်။

* အယူတိမ်း
သူစိမ်းကို ဆရာတင်တော့
ပညာရှင် တို့တွင်မရှိလေရော့သလား
သတိမပေါ့ အလျဉ်းဟာမို့
စောင့်ကင်းရှိတယ်။

* မရှိတာကို အရှိလုပ်
မဟုတ်တာကို အဟုတ်ယူ
အရှုပ်လူပြဿနာ ဘယ်ပုံရှင်းမယ်
ပြည်တွင်းဝယ်တွေး။

* ကိုယ့်ဝမ်းနာ
ကိုယ်သာသိပါသကွဲ့
လူတကာဖိရင် တို့မခံ
တို့နိုင်ငံ ၀င်မရှုပ်လေနဲ့
အချုပ်အခြာအာဏာပိုင်တဲ့
မြန်မာနိုင်ငံသူ နိုင်ငံသားတွေက
ကမ္ဘာတိုင်အလံထူ ပြိုင်စံရှားစေ့မယ်
မာန်အားအပြည့်လေး။

ဆန်းဌေး (ဇလွန်)


Leave a Reply