Acer ၏ Spin အမှတ်တံဆိပ် laptop သစ်များ

Acer သည် ယခုနှစ်တွင် ဖြန့်ချိမည့် Acer Spin laptop များကို မိတ်ဆက်ခဲ့သည်။ အဆိုပါ laptop များတွင် ၃၆၀ ဒီဂရီအထိ လှည့်နိုင်သော ပတ္တာပါဝင်သည်။ Acer က Spin laptop သစ်လေးမျိုးကို သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ခဲ့သည်။ ၎င်း laptop များကို ဒေါ်လာ ၂၅၀ မှစတင်၍ ရောင်းချမည် ဖြစ်သည်။

ဈေးနှုန်းအသက်သာဆုံး Laptop အမည်မှာ Spin 1 ဖြစ်သည်။ Spin 1 တွင် ၁၁.၆ လက်မ display အပြင် Antimicrobial Gorilla Glass ပါဝင်ကာ ရုပ်ထွက်အရည်အသွေးမှာ 1080p IPS နှင့် 1366×768 မျက်နှာပြင်ဟူ၍ မော်ဒယ်နှစ်ခုရှိသည်။

Spin 1 ကို RAM 8GB, Intel Pentium သို့မဟုတ် Celeron ပရိုဆက်ဆာနှင့် eMMC flash storage 64GB သို့မဟုတ် 1 terabyte hard drive ဟူ၍ မော်ဒယ်အမျိုးမျိုး ရွေးချယ်နိုင်သည်။ ထို့အပြင် Acer Active Pen ထောက်ပံ့မှု ပါဝင်သောကြောင့် Windows 10 နှစ်ပတ်လည် update အဖြစ်ဖြန့်ချိထားသော Microsoft Ink Workspace သစ်ကို အသုံးပြုနိုင်သည်။

Spin 1 ထက် စွမ်းဆောင်ရည်မြင့်သော Spin 3, 5 သို့မဟုတ် 7 အမှတ်တံဆိပ် များလည်း ရှိသေးသည်။ Spin 3 တွင်မျက်နှာပြင် ၁၅.၆ လက်မပါဝင်သလို Spin 5 တွင်မူ ၁၃.၃ လက်မနှင့် Spin 7 ၌ ၁၄ လက်မဖြစ်သည်။ ၎င်းမော်ဒယ်များ၏ ရုပ်ထွက်အရည်အသွေးမှာ 1080p ဖြစ်ကာ touchscreen များ အသုံးပြုထားသည့် convertible laptop များဖြစ်သည်။

Acer သည် Spine အမှတ်တံဆိပ်များကို အောက်တိုဘာလတွင် ဖြန့်ချိရန် ရည်မှန်းထားသည်။ ကုမ္ပဏီအနေဖြင့် Spin 3 ကိုဒေါ်လာ ၅၀၀ အပြင် Spin 5 ကို ဒေါ်လာ ၆၀၀ နှင့် Spin 7 ကို ဒေါ်လာ ၁,၂၀၀ ဖြင့် ရောင်းချသွား မည် ဖြစ်သည်။

Ref: PCMag

# Internet Journal


Leave a Reply