အသက် ၁ဝဝ နှင့် အထက် အဘိုးအဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်း မှထောက်ပံ့လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ အသက်ရာကျော်ဘိုးဘွားများအား ပူဇော်ကန်တော့ ထောက်ပံ့လှူဒါန်းခြင်းကို အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးဆောင်တည်ထောင်ထား သည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ ယခုလ ၄ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသက် ၁ဝဝ နှစ်ရှိ ဒေါ်ကြည်မေ၊ ရေတံခွန်လမ်း (ဃ) ရပ်ကွက်နှင့် ဒေါ်မသစ်၊ ပုလဲကူကျေးရွာနေသူ တို့အား ရေဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဦး၊ မြိုနယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီဝင်များနှင့် ရပ်မိရပ်ဖများ တက်ရောက်ကာ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ထောက်ပံ့ လှူဒါန်းငွေ ကျပ်နှစ်သိန်းစီအား လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ထို့ပြင် ကျန်ရှိသည့် တိုင်းဒေသကြီးအတွင်းမှ အသက်ရာကျော် အဘိုး အဘွား ၁၅ ဦးတို့ကို လည်း ဆက်လက် ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ပြုံးချို(ထားဝယ်)


Leave a Reply