ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုရားထီးတော် လှည့်လည်အပူဇော်ခံရာတွင် ပါဝင်ကူညီ

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ် ပင်မြိုင်ကျေးရွာ ရွှေပင်မြိုင်တောရ ကျောင်းအတွင်း ရှေးဟောင်း တ- တိုင်းပြည့်စေတီ၏ ထီးတော်သည် ဧပြီလအတွင်း လေပြင်းတိုက်ခတ် သဖြင့် မြေခပျက်စီးခဲ့ရာ အဆိုပါ ထီးတော်အသစ် ပြန်လည်တင်လှူ ရန် ကျောင်းတိုက်ပဓာနနာယက မေတ္တာရှင် သင်္ချိုင်းရာကျော်ဆရာ တော် အရှင်နန္ဒဝံသအမှူးပြု၍ ယမန်နေ့ နံနက်ပိုင်းတွင် မြို့တွင်းသို့လှည့်လည်အပူဇော်ခံပြီး ပင်မြိုင်ကျေးရွာသို့ ပင့်ဆောင်သည်။

14100519_640625716106943_6912887280386540562_n

လှည့်လည်အကြည်ညိုခံပင့်ဆောင်ရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် ခရိုင်ကော်မတီဝင်များ၊ ပျော်ဘွယ် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ စည်း/မှူးများ၊ ထီးတော်အလှူရှင် များ၊ ရွာခံပြည်သူများ လိုက်ပါ ကူညီခဲ့ကြသည်။

ထီးတော်ကို သမ္မာသန်မာ ကုမ္ပဏီလီမိတက် ဒါရိုက်တာများဖြစ်ကြသော ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် ဦးအောင်နိုင်ညွန့်ဒေါ်ခင်မာရီ၊ ဦးထွန်းဝင်း ကျော်-ဒေါ်တင်တင်အုန်း၊ ဦးခင် မောင်ကြူ-ဒေါ်နွဲ့ရီဝင်းမိသားစု တို့က စုပေါင်းလှူဒါန်းပြီး လာမည့် သုံးရက်တွင် တင်လှူမည်ဖြစ် ကြောင်း သိရသည်။

ဦးမျိုး(ပျော်ဘွယ်)


Leave a Reply