မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဇွဲကပင် ယူနိုက်တက် ကလပ်အသင်း ဖျက်သိမ်း

Zwe-Ka-Bin-FC-Hlwan-Moe-Aung

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် အသင်းတသင်းဖြစ်တဲ့ ဇွဲကပင်ယူနိုက်တက်အသင်းဟာ အသင်းဖျက်သိမ်းလိုက်ပြီး လူငယ်စီမံကိန်းတွေပဲ ဆက်လက် လုပ်ဆောင် သွားမယ်လို့ သြဂုတ် ၂၂ ရက်က ပြုလုပ်တဲ့ အစည်းအဝေးမှာ အသင်းပိုင်ရှင် ဦးလှဌေးက ဆုံးဖြတ်ခဲ့တယ်လို့ အသင်းရဲ့ တရားဝင်စာမျက်နှာကနေ သတင်း ထုတ်ပြန်ခဲ့ပါတယ်။

အသင်းမှာရှိတဲ့ စာချုပ်ကျန်နေသေးတဲ့ ကစားသမားတွေကိုလည်း စာချုပ်အတိုင်း ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ထွက်ခွာချင်တဲ့ ကစားသမားတွေ ကိုလည်း ထွက်ခွာခွင့်ပြုသွားမယ်လို့ ဥက္ကဋ္ဌ ဦးလှဌေးက ဇွဲကပင်အသင်း စာမျက်နှာမှာ ပြောဆိုထားပါတယ်။

အသင်းဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး မသိရှိကြောင်းနဲ့ လိဂ်ပွဲအပြီးမှာ အသင်းဆီ မရောက်ဖြစ်တော့ကြာင်း အသင်းနည်းစနစ် ဒါရိုက်တာ ဦးဆန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

ဇွဲကပင်အသင်း ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင် ဦးလှဌေး၊ နည်းပြ ဦးအောင်မင်းဦးတို့ကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းခေါ်ဆို မရခဲ့ပါဘူး။

(DVB)


Leave a Reply