ဂျပန်နည်းဖြင့် ကန်စွန်းဥ စိုက်ပျိုးနည်း

ကန်စွန်းဥကို ဂျပန်ပြည်တွင် ဟင်းလျာအဖြစ် အဓိကစားသုံးပြီး တစ်နှစ်လျှင် ၁ .၈ သန်း တန်ခန့် ထုတ် လုပ်လျက်ရှိသည်။ ကျုးရှုနှင့် ကန်တိုပြည်နယ်များတွင် အဓိက စိုက်ပျိုးသည်ကိုတွေ့ရသည်။ ကန်စွန်းဥကို ကစီဓာတ်ထုတ်ယူရန်လည်းကောင်း၊ စားသောက်ကုန်လုပ်ငန်းတွင်သုံးရန်လည်းကောင်း၊ တိရိစ္ဆာန်အစာတွင် သုံးရန် လည်းကောင်း၊ ကုန်ကြမ်းအဖြစ်စိုက်ပျိုးကြသည်။

ဂျပန်နည်းဖြင့်စိုက်ပျိုးခြင်းမှာ ကန်စွန်းဥ၏အစေ့ကို အညှောက်ဖောက်ကာ ပြုပြင်ထားသော ပျိုးခင်း တွင် စိုက်ပျိုးခြင်းဖြစ်သည်။ ကန်စွန်းဥအစေ့များကို ၃၀ စင်တီမီတာအကျယ်၊ ၆၀ စင်တီမီတာ အရှည် နှင့် ၅ သို့မဟုတ် ၆ စင်တီမီတာ အမြင့်ရှိ သစ်သား (သို့မဟုတ်) ပလပ်စတစ်အညှောက်ဖောက်ဘူး များပြုလုပ်ပြီး အပေါ်တွင် အစေ့များကို ထားရသည်။ အညှောက်ဖောက်ဘူးတစ်ဘူးတွင် မျိုးစေ့ ၁၀ ကီလိုဂရမ် ဖောက်နိုင်သည်။ မျိုးစေ့များကို စပါးအတွက်သုံးသော မျိုးစေ့အညှောက်ဖောက်ဘူးများ တွင်လည်း အသုံးပြုနိုင်ပါသည်။

ပိုးမွှားကင်းစင်အောင်ရေပူဖြင့်ဆောင်ရွက်ခြင်းစနစ်
ကန်စွန်းဥတွင်ကျရောက်တတ်သော ရောဂါများအတွက် ရေပူဖြင့် ပိုးမွှားကင်းစင်အောင် ဆောင်ရွက် ကြရသည်။ ကန်စွန်းဥတွင်ကျရောက်တတ်သော ရောဂါများတွင် အဆိုးဝါးဆုံးဖြစ်သည့် မီလန်နိုဖလာ ကိယ ကိုပင် လုံးဝနီးပါးကာကွယ်နိုင်သည်။ အပင်၏နွယ်နှင့် ကန်စွန်းဥနှစ်ခုစလုံးတွင် ပျံ့နှံ့ကျရောက် တတ်သည်။ ပျိုးခင်းများတွင် အညှောက်မဖောက်ခင်တွင် ရေပူဖြင့် ရောဂါကာကွယ်ရေးလုပ်ရန် လို အပ်သည်။ သစ်သားစည်ပိုင်း (သို့မဟုတ်) သံစည်ပိုင်းများကို အသုံးပြုနိုင်သည်။ ၄၇ – ၄၈ ဒီဂရီ ဆဲလ်စီရပ်ရှိ ရေနွေးပူထဲတွင် ကန်းစွန်းဥမျိုးစေ့ကို မိနစ် ၄၀ ကြာအောင်စိမ်ပေးရမည်။ ကန်စွန်းဥ မျိုးစေ့ကို ရောဂါသန့်စင်ပြီး အညှောက်ဖောက်ပါက အဖူးထွက်စောစေခြင်း၊ အပင်ငယ်လေးများ တိုးပွားစေခြင်းကို ဖြစ်စေသည်။

ပျိုးခင်းနှင့်အပင်ငယ်များ ပြုပြင်ထိန်းသိမ်းခြင်း

အပူချိန်ကို ထိန်းသိမ်းရန်မှာ အရေးပါပြီး ကန်စွန်းဥ၏ မျိုးရိုးကိုလိုက်၍ အညှောက်ပေါက်သော အချိန် သည် မျိုးစေ့များစချသည်မှ အညှောင့်ပေါက်သည့်အချိန်ထိ ကွာခြားသည်။  အပင်ငယ်များ ပြုစုစောင့် ရှောက်ရန်အချက်များမှာ အညှောင့်ဖောက်ချိန်တွင် ဖြစ်တတ်သောအပူချိန်၊ အပင်ကြီးထွားသော အချိန်တွင် အနည်းငယ်နိမ့်သောအပူချိန်နှင့် ပျိုးပေါင်တို့ကို လိုအပ်သောစိုထိုင်းဆရှိရန် ထိန်းသိမ်းခြင်း တို့ဖြစ်ရာ ဤသို့ပြုလုပ်ခြင်းဖြင့် ကျယ်ပြန့်သောအရွက်ရှိသည့် အပင်ငယ်ကောင်းများရရှိနိုင်ပါသည်။ အပင်မစိုက်ခင်ကို ပြုပြင်ပြီးသောအခါတွင် အပင်ငယ်များကို နုတ်ယူရမည် ရွှေ့ပြောင်းစိုက်ရန် သင့်တော်သောအပူချိန်တွင် အပင်၏ကြီးထွားမှုနှင့် စိုက်ပျိုးစနစ်ပေါ်မူတည်၍ ကွဲပြားခြားနားပါသည်။
ကန်စွန်းဥစိုက်ပျိုးသည့်ကာလ 
အပင်ငယ်များကို အစောပိုင်းစိုက်သည့် ကန်စွန်းဥများအနေဖြင့် ဧပြီလကုန်မှ မေလ ပထမပတ်အထိ စိုက်ပျိုးသည်။ နောက်ကျစိုက်ပျိုးမှသာ ဇွန်လလယ်မှ ဇွန်လကုန်အထိ စိုက်ပျိုးသည်။ ထို့ကြောင့် ရွှေ့ပြောင်းစိုက်ပျိုးရန် ချိန်ကိုက်ထားရန်လိုအပ်သည်။ အပင်များကို ၃- ၄ကြိမ်ခန့်ယူနိုင်ပြီး ဓား သို့မဟုတ် ကတ်ကြေးဖြင့် အပင်ကို လက်တစ်ဆစ် (သို့မဟုတ်) နှစ်ဆစ်ချန်၍ ဂရုတစိုက်ဖြတ်ရမည်။ အပင်ငယ်ဖြတ်ယူပြီးနောက် မြေသြဇာနှင့် ရေများပိုမိုပေးသွင်းခြင်း၊ ပလတ်စတစ်စဖြင့် ၂ – ၃ရက်ခန့် အုပ်ပေးခြင်း၊ ပျိုးပေါင်ကို ပူနွေးစွတ်စိုသော အခြေအနေတွင် ထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေး ရမည်။ အပင်များဖြတ်ယူရာတွင် နေ့လယ် ၁၂ နာရီမှ ၂နာရီတွင် ဖြတ်လျှင်အကောင်းဆုံးဖြစ်သည်။ ယင်းအချိန်သည် အပင်၏အာဟာရဓာတ်များ အမြင့်ဆုံးရှိနေသောကြောင့် ဖြစ်သည်။ မနက်စောစော ဖြတ်ယူခြင်းကို ရှောင်ကြဉ်ရမည်။ စိုက်ခင်းကြီးများတွင် စိုက်ရန်မှာ အကောင်းဆုံးဖြစ်သည်။
အပင်မစိုက်ခင်ပြုပြင်ခြင်းနှင့်စိုက်ပျိုးခြင်း
ဂျပန်တွင် မိုးရာသီစတင်သည်နှင့် စိုက်ကြသည်။ ကန်စွန်းသည် မည်သည့်မြေတွင်မဆို ကောင်းစွာ ရှင်သန်နိုင်သောသီးနှံဖြစ်သည်။ သဲမြေ၊ သဲဆန်သောမြေ၊ နှုန်းမြေတို့တွင် ဖြစ်ထွန်းပြီး မြေသြဇာ နိုင်နိုင်သုံးကာ တိုတောင်းသော အချိန်တွင်းမှာပင် ထပ်ခါတလဲလဲစိုက်နိုင်သည်။ အခြားသီးနှံများ စိုက်ပြီးသောမြေတွင် စိုက်က ပိုအဆင်ပြေသည်။ ကန်စွန်းဥကို “ပတ်ဝန်းကျင် ထိန်းသိမ်းသော ဂုဏ်ထူးဆောင်သီးနှံ” ဟုခေါ်ဆိုကြသည်။ စိုက်ကွင်းနေရာရွေးချယ်ပြီးက ထယ်ထိုးခြင်း၊ မြေညှိခြင်းနှင့် ကြောင်းဆွဲပေါင်းဖော်ခြင်းများကို ပြုလုပ်ရမည်။ မစိုက်မီ ပေါင်းဖော်ခြင်းဆောင်ရွက်က အကောင်းဆုံး ဖြစ်သည်။
လေဝင်လေထွက်ကောင်းမွန်ပြီး ရေထိန်းသိမ်းနိုင်စွမ်းရှိမှု၊ ခြောက်သွေ့ခြင်း၊ စိုစွတ်ခြင်းကို ထိန်းထားနိုင်ပါက အမြစ်ကြီးထွားမှုနှင့် အထွက်တိုးတက် ကောင်းမွန်နိုင် သည်။ ထုံးဓာတ်ထည့်သွင်းပါက ပိုတက်ဆီယမ်ကို ပိုမိုစုပ်ယူနိုင်ပြီး သီးနှံအထွက်အနည်းငယ်ကျနိုင်သော်လည်း အရည်အသွေးမြင့်လာ နိုင်သည်။ အခွံအရောင် ပိုမိုလှပမည်။ အထူးသဖြင့် စားသုံးသူများအကြိုက် ကန်စွန်းဥအနီရောင် ပိုမို လှပလာစေဖြစ်သည်။

Ref; နည်းသစ်စွယ်စုံ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး နည်းပညာဂျာနယ်၊ ဂျပန်နည်းဖြင့် ကန်စွန်းဥ စိုက်ပျိုးခြင်း၊ ၀င်းနိုင်ဦး (ဒသာနိက) အတွဲ – ၂ ၊ အမှတ် ၁၉၊


Leave a Reply