သူများကို မငှားသင့်တဲ့ အလှကုန်ပစ္စည်းများ

ကိုယ့်သူငယ်ချင်းတွေ၊ ဝမ်းကွဲညီအမတွေရဲ့ အလှပြင်ပစ္စည်းတွေကို ယူသုံးလိုက်၊ ကိုယ့်ပစ္စည်းတွေကိုလည်း သူတို့ကိုပေးသုံးလိုက်လုပ်တဲ့ မိန်းကလေးတွေအတွက် သတိထားစရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ လူတစ်ယောက်မှာ အမြင်အရ ဘာရောဂါမှရှိတယ်မထင်ရပေမဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ရေယုန်လို ဘက်တီးရီးယား ပိုးတွေ ရှိတတ်ပါတယ်။ ဒါတွေက အလှပြင်ပစ္စည်းတွေကို မျှပြီးသုံးရာကနေ ကူးစက်နိုင်ပါတယ်။ စပရေးဗူးလို့ ထိတွေ့စရာမလိုတဲ့ တချို့ပစ္စည်းတွေက အတူတူသုံးရင်ကိစ္စမရှိပေမဲ့ တချို့ပစ္စည်းတွေကတော့ လုံးဝ ငှားမသုံးသင့် တဲ့ပစ္စည်းတွေရှိပါတယ်။ ဒီလိုငှား မသုံးသင့်တဲ့ ပစ္စည်းတွေကတော့-

13900367_1225442727486723_7439590202677106065_n

(၁)   နေ့လိမ်းခရင်မ်၊ ညလိမ်းခရင်မ်တွေ နှုတ်ခမ်းလိမ်းအဆီနဲ့ မျက်လုံးလိမ်း ခရင်မ် တို့လို ဗူးနဲ့ထည့်ထားတဲ့ ခရင်မ်တွေက လက်ချောင်းနဲ့ နှိုက်ပြီးမှ တို့လိမ်းရတဲ့အတွက် သူများနဲ့ မျှပြီး သုံးဖို့မကောင်းတဲ့ ပစ္စည်းပါ။ လက်မသန့်ရင် လက်ထဲကပါတဲ့ ဘက်တီးရီးယားပိုးတွေကို ခရင်မ်ဗူးထဲမှာ မွေးထားသလိုဖြစ်နေမှာပါ။ ဒါကြောင့် ကိုယ်တစ်ယောက်တည်းသုံးမယ်ဆိုရင်တောင် အသုံးမပြုခင် လက်ဆေးဖို့လိုပါတယ်။

(၂)   မျက်တောင့်ကော့ဆေး။  မျက်တောင်ကော့ဆေးတွေမှာ မျက်စိနာစေတဲ့ ဗိုင်းရပ်စ်ပိုးတွေ၊ မျက်မြှေးရောင်နာ ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ အလွယ်တကူ ကပ်စေနိုင်ပါတယ်။ နောက်တစ်ချက်က အရေပြားမှာလို မျက်စိမှာ ကာကွယ်ပေးထားတဲ့ အလွှာတစ်ထပ်မရှိပါဘူး။ ဒါကြောင့် မျက်စိက ပိုပြီးလွယ်လွယ် ရောဂါကူး စေနိုင်တာကြောင့် ဘယ်သူနဲ့မှ မျက်တောင်ကော့ဆေးဗူးကို အတူမသုံးသင့်ပါဘူး။

(၃)   နှုတ်ခမ်းနီ။ မိန်းကလေးတွေ တစ်ယောက်နဲ့တစ်ယောက် အများဆုံးငှားသုံးလေ့ရှိတာက နှုတ်ခမ်းနီဖြစ်ပါ တယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှာရှိနေပေမဲ့ အပြင်မှာ မမြင်ရတတ်တဲ့ ပိုးတွေထဲမှာ HSV-1 လို့ခေါ်တဲ့ ရေယုန် ပိုးပါပါတယ်။ လူတော်တော်များများမှာ ဒီရေယုန်ပိုးရှိနေတတ်ပေမဲ့ ခုခံအားစနစ်ပေါ်မှာမူတည်ပြီး လက္ခဏာ မပြသေးတာဖြစ်ပါတယ်။ နှုတ်ခမ်းနီတွေက ရေယုန်ပိုးအပြင် တံထွေးကတဆင့် ကူးစက်စေနိုင်တဲ့ ရောဂါပိုး တွေကိုလည်း ကူးစက်စေနိုင်တဲ့အတွက် နှုတ်ခမ်းနီငှားဆိုးခြင်းကို သတိထားရှောင်ကြဉ်သင့်ပါတယ်။

(၄)   မိတ်ကပ်ဘရပ်ရှ်။ ဝက်ခြံဆိုတာ အရေပြားအတွင်းပိုင်းက အခြေအနေကြောင့်ဖြစ်ပေမဲ့ တခြားသူတစ်ဦး အသုံးပြုထားတဲ့ မိတ်ကပ်ဘရှပ်တွေကြောင့် ဘက်တီးရီးယားပိုးတွေကတဆင့် ဝက်ခြံကို ပိုပြီးဆိုးစေ ပါတယ်။

(၅)   ဘလိပ်ဓား။ ဘလိပ်ဓားတွေကို မျှမသုံးမိဖို့ အရမ်းအရေးကြီးပါတယ်။ စတီးစစ်စစ်နဲ့ လုပ်ထားတဲ့ ဘလိပ်ဓား က ဘက်တီးရီးယားပိုးတွေကို ကြာကြာသယ်မထားတတ်ပေမဲ့ ကြွက်နို့နဲ့ လိင်အင်္ဂါမှာဖြစ်တဲ့ ရေယုန်ပိုးတွေ ကိုတော့ ကူးစက်စေနိုင်ပါသေးတယ်။ ဘလိပ်ဓားနဲ့ ထိထားတဲ့ သွေးနဲ့ တခြားခန္ဓာကိုယ်က အရည်တွေက အသည်းရောင် အသည်းဝါလို၊ HIV လိုရောဂါတွေကို ကူးစက်စေနိုင်တာကြောင့် သတိထားသင့်ပါတယ်။

Trend Myanmar


Leave a Reply