အောက်တိုဘာလမှာ ချစ်သူနှင့် ရွှေလက်တွဲမယ့် မိုးယုစံ မင်္ဂလာအခမ်းအနား လေးကြိမ်ပြုလုပ်မည်

သရုပ်ဆောင် မိုးယုစံတစ်ယောက် ယခု လ ၁၁ ရက် ညနေ ၆ နာရီက ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ဆူးလေရှန်ဂရီလာဟိုတယ်တွင် သူမ အသက် ၂၅နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့သည်။ အဆိုပါ မွေးနေ့ပွဲသို့ နိုင်ငံကျော်အနုပညာရှင်များ၊ မိတ်ကပ်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
သူမအနေဖြင့် ချစ်သူသက်တမ်း နှစ်နှစ်ကျော်ရှိပြီဖြစ်သည့် သူမ၏ချစ်သူ ကိုစွမ်းသူမိုးနှင့် လာမည့် အောက်တိုဘာ ၁၈ ရက်တွင် မင်္ဂလာဆွမ်းကျွေးပွဲပြုလုပ် သွားရန်ရှိပြီး ချစ်သူဖြစ်သူကိုစွမ်းသူမိုးက သူမ အသက်၂၅နှစ်ပြည့် မွေးနေ့ပွဲတွင် လက်ထပ်ခွင့်တောင်းဆိုမှုကို မီဒီယာများ နှင့် မိတ်ဆွေအပေါင်း အသင်းများရှေ့တွင် တရားဝင်တောင်းဆိုခဲ့ကြောင်း သိရသည်။
မင်္ဂလာပွဲအခမ်းအနားများကိုလည်း အောက်တိုဘာ ၁၈ရက်တွင် ဆီဒိုးနားဟိုတယ်တွင် မင်္ဂလာဆွမ်းကျွေးခြင်း ကိုလည်းကောင်း၊ အောက်တိုဘာ ၂ဝ ရက်တွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ မဟာစည် သာသနာ့ရိပ်သာတွင် လည်းကောင်း၊စုလျား ရစ်ပတ်ထိမ်းမြားခြင်းကို အောက်တိုဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ Melia Hotel နှင့် အောက်တိုဘာ ၃၁ ရက်တွင် ညစာ စားပွဲကို Novotal Hotel တွင် ကျင်းပသွား မည်ဟု သိရသည်။


Leave a Reply