တပ်ကုန်းမြို့နယ် ပါတီမျက်နှာစုံ ညီအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဦးဝေလွင် တက်ရောက် အားပေး

ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင် တပ်ကုန်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၉) ရက် နံနက် (၉) နာရီက တပ်ကုန်းမြို့နယ်ပါတီရုံး အစည်း အဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေပါတီ ပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးအဖွဲ့ (၁) နာယက ဦးဝေလွင်နှင့် အဖွဲ့များ၊ ဗဟိုကော်မတီဝင်၊ ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးခင်မောင်ဌေးနှင့် ကော်မတီ ဝင်များ၊ နေပြည်တော်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးနွေနှင်း မောင် နှင့် ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် အတွင်းရေးမှူး ဦးကျော်ဝင်းနှင့် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

13528880_1719632091630637_689177193835831328_n13438914_1719632058297307_5672847099232961118_n

အခမ်းအနားတွင် သဘာပတိအဖြစ် ဦးနိုင်လင်းသောင်း၊ သဘာပတိ အဖွဲ့ဝင်များအဖြစ် ဦးကျော်ဝင်းနှင့် ဦးဖေအံ့မောင်တို့က ဆောင်ရွက်ကြပြီး သဘာပတိ ဦးနိုင်လင်းသောင်းက အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက်ဗဟိုအလုပ် အမှုဆောင်ဦးဝေလွင်ကပါတီ လုပ်ငန်းဆိုင်ရာကိစ္စရပ် များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာအား ဒေါ်ခင်မိုးမိုးသိန်း ကလည်းကောင်း၊ အစုအဖွဲ့စာတမ်းများကို ပါတီကေဒါ ဦးငြိမ်းချမ်းဦး၊ ဦးသိန်းဇော်၊ ဦးဇော်မျိုးသိန်းနှင့် ဦးမိုးကျော်ခိုင် တို့က ဖတ်ကြားတင်ပြကြပြီး ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူး ဦးခင်မောင်ဌေးက ရွေးချယ် ဖွဲ့စည်း ရေး လုပ်ထုံးလုပ်နည်းများနှင့် ရွေးချယ်တင်မြှောက်မည့် မြို့နယ်ကော်မတီဝင် များ၊ အရန်မြို့နယ် ကော်မတီဝင်များ၏ အမည်စာရင်းကို ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် ရွေးချယ်တင်မြှောက်ခံရသည့် တပ်ကုန်းမြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး နှင့် ကော်မတီဝင် (၁၂) ဦး၊ အရန်မြို့နယ် ပါတီကော်မတီဝင်ခုနစ်ဦးတို့၏ အမည်စာရင်းများကို ဖတ်ကြားကြေညာပြီး သဘာပတိအဖွဲ့ရှေ့မှောက်တွင် ကတိသစ္စာခံယူကြပြီးနောက် ကြွေးကြော်သံ များဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဟိန်းအောင်(နေပြည်တော်)


Leave a Reply