မိုးညိုပြည်ခိုင်ဖြိုးပါတီမှ အမာခံ(ကေဒါ)များ ဖွဲ့စည်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ အမာခံ (ကေဒါ) များကို ရပ်/ကျေးအုပ်စု ၄၂ အုပ်စုအတွင်း လိုက်လံဖွဲ့စည်းရာ ခရိုင် ပါတီကော်မတီဝင် ဦးမြတ်ထင်ကျော်က အနီးကပ်ကြီးကြပ်ပြီး မြို့နယ် ပါတီအတွင်းရေးမှူး ဦးနန်းဦးက လမ်းညွှန်စီစဉ်၍ ဧပြီ (၂၆) ရက်မှစတင်ကာအဖွဲ့နှစ်ဖွဲ့ခွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး ယနေ့ထိ ရပ်/ကျေး (၃၁) အုပ်စုကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရသည်။

၎င်းကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်ပါတီအလုပ်အမှုဆောင်များ ဖြစ်ကြသော ဦးအေးကိုကို ဦးစီး သည့်အဖွဲ့ (၁)နှင့် ဦးအောင်ကျော်သူ ဦးဆောင်သည့်အဖွဲ့ (၂)တို့ဖြစ်ပြီး အဖွဲ့တစ်ဖွဲ့လျှင် ခြောက်ဦးစီ ပါဝင်ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply