ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မေလ (၆) ရက် မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပရာ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်များမှ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ စုစုပေါင်း (၆ဝ) တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းကပါတီ ဌာနချုပ်မှ ညွှန်ကြားချက်များကို ရှင်းလင်း၍ အမှာစကားပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးတင်အောင်က ပါတီအဆင့်ဆင့် ပါတီညီလာခံများကျင်းပရေးနှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးစီမံချက်ပါ လုပ်ငန်းများကို စီမံချက်ပါအချိန်ကာလနှင့် လမ်း ညွှန်ချက် များနှင့်အညီ ဆောင်ရွက်ရေးအတွက် အကျယ်တဝင့်ရှင်းလင်းခဲ့သည်။

ခရိုင်နှင့်မြို့နယ်များက သိလိုသည်များကိုမေးမြန်းရာ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းကော်မတီဝင် ဦးတင်အောင်တို့က ပြန်လည်ရှင်းလင်းပြီး တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းက နိဂုံးချုပ် အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ရပ်နားခဲ့ကြောင်း သိရသည်။
စိုးမင်းသန်း


Leave a Reply